အကျဉ်းထောင်က ပြန်လွတ်လာတဲ့ သံဃာတွေကို သိက္ခာထပ်မည်
၂၀၀၇ ခု ရွှေဝါရောင် သံဃာ့ အရေးအခင်း အတွင်း သပိတ်မှောက် ကံဆောင်ခဲ့တဲ့ အတွက် ထောင်ချခံရပြီး မကြာခင်ကမှ လွတ်မြောက်လာတဲ့ သံဃာတော်တွေကို သိက္ခာထပ်ပွဲ တစ်ခု နိုဝင်ဘာ ၁၂ ရက်မှာ ကျင်းပမယ်လို့ သိရပါတယ်။
-
2011-11-07 -
-
-
၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှုကာလတွင် ငြိမ်းချမ်းစွာ မေတ္တာပို့ ဆုတောင်းသော သံဃာများ စက်တင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ ရွှေတိဂုံ စေတီတော်မှ ဆင်းလာပြီး မြို့တွင်းသို့ စီတန်းလှည့်လည် ကြွချီတော်မူနေကြပုံ ဖြစ်ပါသည်။
AFP
ဒီပွဲကို ဒဂုံမြို့သစ် အရှေ့ပိုင်း မကွေး ပရိယတ္တိ စာသင်တိုက်မှာ ကျင်းပမှာ ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသား တစ်ဦးအဖြစ် အနှစ် ၂၀ နီးပါး ထောင်ဒဏ်ကျခံခဲ့ရတဲ့ NLD ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးဝင်းတင်ကို ဒီပွဲမှာ ဆရာတော် ဦးပါမောက္ခက ရွှေသား အတိနဲ့ ထုလုပ်ထားတဲ့ သူရသတ္တိဆု ချီးမြှင့်ဖို့
စီစဉ်ထားတယ်လို့လည်း နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ယက်က ကိုအောင်ဇော်ထွန်းက ပြောပါတယ်။
အဲဒီနေ့ အခမ်းအနားမှာ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေကို စာအုပ်စာတမ်းနဲ့ တခြား အထောက်အပံ့ ပစ္စည်းတွေ ပေးအပ်မယ်လို့ သိရပါတယ်။