ရိုဟင်ဂျာ လူကုန်ကူးမှုမှာ ထိုင်းစစ်တပ် အကြီးအကဲတွေ ပါဝင်ပတ်သက်နေ
ရိုဟင်ဂျာတွေကို ထိုင်းနိုင်ငံဖက် လူမှောင်ခိုတင်သွင်းနေတဲ့ လုပ်ငန်းတွေမှာ ထိုင်းစစ်တပ် အရာရှိတွေ ပါဝင်ပတ်သက်မှု ရှိနေကြောင်း ထိုင်းကာကွယ်ရေးဦးစီးချုပ် က ပြောတယ်လို့ မနေ့က ဇန်နဝါရီလ ၂၀ရက်နေ့ ထုတ် ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်နဲ့ The Nation သတင်းစာတွေက ရေးသားကြပါတယ်။
-
2013-01-21 -
-
-
ပြည်တွင်းလုံခြုံရေး စစ်ဆင်ရေးအထူးတပ်ဖွဲ့ ISOC က အဆင့်မြင့်အရာရှိတွေပါ ထိုင်းနိုင်ငံထဲ ရိုဟင်ဂျာတွေကို မှောင်ခိုကူးရာမှာ ပါဝင်ပတ်နေကြောင်း ထိုင်းကာကွယ်ရေးဦးစီးချုပ် ပရာယု ချန်အိုချားက ပြောကြောင်း မနေ့က ဘန်ကောက်ပို့စ ်သတင်းစာက ရေးသားပါတယ်။
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်က ရိုဟင်ဂျာမူဆလင်တွေကို ထိုင်းတောင်ပိုင်း ဆောင်ခလခရိုင် ကနေ မလေးရှားနိုင်ငံကို လူမှောင်ခိုကူးတဲ့လုပ်ငန်းတွေမှာ ထိုင်းစစ်တပ်က ဗိုလ်မှူးကနေ ဗိုလ်မှူးကြီးအဆင့်တွေအထိ နှစ်ပေါင်းများစွာ ပါဝင်ပတ်သက်နေပြီး တခါတရံ ရိုဟင်ဂျာတွေကို စစ်တပ်က ကုန်တင်ကားတွေကိုသုံးပြီး တနေရာကနေတနေရာ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီအမှုကို ထိုင်းစစ်တပ်က စုံစမ်းစစ်ဆေးနေပြီး ဒီအရာရှိတွေကို ဖော်ထုတ်အရေးယူသွားမယ်လို့ ဗိုလ်ချုပ်ကြီးပရာယု က ပြောပါတယ်။ တချိန်ထဲမှာလည်း ဆောင်ခလခရိုင် ရာဘာစိုက်ခင်းတွေထဲက ဖမ်းဆီးမိခဲ့တဲ့ လှေစီးရိုဟင်ဂျာ တစ်ထောင်နီးပါးကို လူသားချင်းစာနာမှုနဲ့ ကိုင်တွယ်ဖြေရှင်းမှာ ဖြစ်သလို တဖက်မှာလည်း ထိုင်ဥပဒေအရ တရားမဝင် နယ်မြေဝင်ရောက်မှုနဲ့ အရေးယူသွားမှာဖြစ်တယ်လို့ ထိုင်းဒုဝန်ကြီးချုပ် ဆူရာပေါင်းက ပြောကြားထားပါတယ်။