တရားမဝင်ရောက်လာတဲ့ ရိုဟင်ဂျာ အယောက် ၇၀ ကို ထိုင်း ဖမ်းဆီး

ရိုဟင်ဂျာတွေလို့ ယုံကြည်ရတဲ့ ကလေးအယောက် ၃၀ အပါအဝင် မြန်မာနိုင်ငံက တရားမဝင် ဝင်ရောက်လာသူ ၇၀ ကို ဖမ်းဆီးလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်တောင်ပိုင်း ကမ်းခြေအနီး ဆိုက်ကပ်လာသည့်လှေပေါ်တွင် လိုက်ပါလာသည့် ရိုဟင်ဂျာ ဒုက္ခသည်များအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်။ CHAIDEER MAHYUDDIN / AFP Photo

ရိုဟင်ဂျာတွေလို့ ယုံကြည်ရတဲ့ ကလေးအယောက် ၃၀ အပါအဝင် မြန်မာနိုင်ငံက တရားမဝင် ဝင်ရောက်လာသူ ၇၀ ကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းတာဝန်ရှိသူ တစ်ယောက်က နိုဝင်ဘာ ၁၆ ရက်မှာ ပြောကြားလိုက်ပါတယ်။

ကနဦး စုံစမ်းတဲ့အခါ သူတို့ဟာ မြန်မာနိုင်ငံက မွတ်စလင်တွေဖြစ်ကြပြီး မလေးရှား ဒါမှမဟုတ် အင်ဒိုနီးရှားကို သွားကြဖို့ရှိတယ်လို့ ဖန်ငခရိုင် ရဲမှူးက ပြောပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ကျွန်းတကျွန်းရဲ့ ကမ်းခြေမှာ ခေါင်းမှာပဝါခြုံထားတဲ့ အမျိုးသမီးတွေပါတဲ့ လူအုပ်စုဓာတ်ပုံကို ရိုက်တာသတင်းက ကြည့်ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ရိုဟင်ဂျာတွေဟာ ပင်လယ်ငြိမ်တဲ့ အောက်တိုဘာက ဧပြီထိ ခနော်ခနဲ့ သစ်သားလှေတွေနဲ့ မြန်မာ့အိမ်နီးချင်း ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံတွေနဲ့ မွတ်စလင်အများစုရှိတဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားကို သွားကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org