ရိုဟင်ဂျာတွေကိုအပြီးအပိုင်ဖယ်ရှားရှင်းလင်းမယ့် အလားအလာတွေ့ရတယ်လို့ ရိုက်တာသတင်း ဌာနဖော်ပြ
မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်ကနေ အပြီးအပိုင်ဖယ်ရှား ရှင်းလင်းမယ့် အလားအလာတွေ့နေရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြလိုက်ပါတယ်။
-
2018-12-18 -
-
-
မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်ကနေ အပြီးအပိုင်ဖယ်ရှား ရှင်းလင်းမယ့် အလားအလာတွေ့နေရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြလိုက်ပါတယ်။ ဆက်သွယ်ရေး ဂြိုဟ်တုကတဆင့် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ကိုးကားပြီး အထူးသတင်း ဆောင်းပါးအဖြစ် မနေ့ကထုတ်ပြန်လိုက်တာပါ။
ရိုဟင်ဂျာတွေ မူလနေထိုင်ခဲ့တဲ့ ကျေးရွာတွေမှာ နေအိမ်အသစ်တွေ ဆောက်လုပ်ထားပြီး ဗုဒ္ဓဘာသာဝင်အများစုနေထိုင်နေကြကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအတွက် အဆောက်အဦးသစ်တွေလည်း တွေ့ရကြောင်း ဖော်ပြထားပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ သက်ဆိုင်ရာအစိုးရအရာရှိတွေ၊ ကယ်ဆယ်ကူညီရေးအဖွဲ့တွေ၊ ဒုက္ခသည် တွေကိုလည်း ရိုက်တာသတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာအစိုးရရဲ့ ဒုက္ခသည် ပြန်လည်နေရာချထားရေးမြေပုံအရ ရိုဟင်ဂျာဒုက္ခသည်တွေကို သီးသန့်ခွဲခြားထားဖို့ စီစဉ်ထားတာ တွေ့ရတယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။