ကမ္ဘာ့ဘဏ်က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ ၃၁၅ သန်းထောက်ပံ့

ကမ္ဘာ့ဘဏ်က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန် ဒေါ်လာ ၃၁၅ သန်း ထောက်ပံ့ကူညီသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး တူရကီ အစိုးရပိုင်သတင်းဌာန AA က ရေးသားခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် အနောက်ဘက်ကမ်းခြေသို့ စက်လှေဖြင့် ဆိုက်ကပ်ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဥ်။ AFP

ကမ္ဘာ့ဘဏ်က ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အမေရိကန် ဒေါ်လာ ၃၁၅ သန်း ထောက်ပံ့ကူညီသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး တူရကီ အစိုးရပိုင်သတင်းဌာန AA က ဇန်နဝါရီလ ၂၃ ရက်မှာ ရေးသားခဲ့ပါတယ်။

ဒါကာမြို့မှာ ဇန်နဝါရီလ ၂၃ ရက်က ကမ္ဘာ့ဘဏ်ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Abdoulaye Seck နဲ့တွေ့ဆုံပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud က အခုလို ပြောကြားခဲ့တာလို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်က စုစုပေါင်း ဒေါ်လာ သန်းခုနစ်ရာ ထောက်ပံ့ကူညီတာ ဖြစ်ပါတယ်။ အဲဒီထဲက ဒေါ်လာ ၃၁၅ သန်းက ရိုဟင်ဂျာ ဒုက္ခသည်တွေကို ထောက်ပံ့တာဖြစ်ပြီး ကျန်ဒေါ်လာ ၃၈၅ သန်းကတော့ ကော့ဘဇားမှာရှိတဲ့ ဒေသခံတွေကို အတိုးသက်သာခွင့်နဲ့ပေးမယ့် ထောက်ပံ့ချေးငွေ ဖြစ်တယ်လို့ AA က ဖော်ပြပါတယ်။

ယူဂန်ဒါနိုင်ငံမှာ ကျင်းပတဲ့ အစည်းအဝေးတစ်ခုမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနဲ့ လတ်တလော တွေ့ဆုံထားပြီး ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့ အကောင်အထည်ဖော်ရေးကိစ္စမှာ မြန်မာနိုင်ငံဘက်က အပြုသဘောဆောင်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားပါတယ်။

ကော့ဘဇားမှာ ဒုက္ခသည် ၁ ဒသမ ၂ သန်း ခိုလှုံနေပြီး အများစုဟာ ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် ထွက်ပြေးလာသူတွေ ဖြစ်တယ်လို့ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org