ရိုဟင်ဂျာ အဖွဲ့အစည်းတွေ ကုလသမဂ္ဂရုံးချုပ်ရှေ့ ဆန္ဒပြ

ရခိုင်ပြည်နယ်ထဲက မွတ်စလင်တွေကို နိုင်ငံသားဖြစ်ခွင့် ကန့်သတ်ပိတ်ပင်ထား တဲ့ မြန်မာအစိုးရရဲ့ ၁၉၈၂ နိုင်ငံသားဖြစ် ခွင့်ဥပဒေကို ကန့်ကွက်ကြောင်း ရိုဟင်ဂျာအရေး လှုပ်ရှား သူတွေနဲ့ ရိုဟင်ဂျာအဖွဲ့အစည်းတွေက အမေရိကန်နိုင်ငံ နယူးရောက်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ ဒီကနေ့ ဆန္ဒပြ ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်ထဲက မွတ်စလင်တွေကို နိုင်ငံသားဖြစ်ခွင့် ကန့်သတ်ပိတ်ပင်ထားတဲ့ မြန်မာအစိုးရရဲ့ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ကန့်ကွက်ကြောင်း ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေနဲ့ ရိုဟင်ဂျာအဖွဲ့အစည်းတွေက အမေရိကန်နိုင်ငံ နယူးရောက်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီ ဆန္ဒပြပွဲမှာပါဝင်တဲ့ ဆန္ဒပြသူတစ်ဦးဖြစ်သူ Mr Remon က ရခိုင်ပြည်နယ်ထဲက ဒီမွတ်စလင် တွေဟာ လွန်ခဲ့တဲ့အနှစ် ၂ဝဝ - ၃ဝဝ ကထဲက ရခိုင်ပြည်နယ်တွင်းမှာ အခြေချ နေထိုင်လာခဲ့ကြတာဖြစ်ပေမဲ့ အခုကျတော့ မြန်မာအစိုးရက သူတို့ကို နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်နေတဲ့အတွက် သူတို့ဟာ နိုင်ငံမဲ့ဖြစ်နေရကြောင်း၊ ဒီအတွက် ကုလသမဂ္ဂအနေနဲ့ မြန်မာအစိုးရရဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို ဆန့်ကျင်ပေးဖို့ တောင်းဆိုကြောင်းပြောပါတယ်။

ဒါ့အပြင် သူက မြန်မာနိုင်ငံတွင်းက မွတ်စလင်တွေအနေနဲ့ သူတို့တွေရဲ့ နေအိမ်တွေ ဗလီတွေကို ဖျက်ဆီးခံရတာတွေအပြင် လူမျိုးတုန်းသတ်ဖြတ်ခံရမှု အခြေအနေတွေကိုပါ ကြုံတွေ့နေရတဲ့အတွက် သူတို့တွေအတွက် အလွန်အမင်းစိုးရိမ်စရာ ဖြစ်နေရပါတယ်။

ဒါကြောင့် ကုလသမဂ္ဂနဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာအစိုးရတွေအနေနဲ့ ဒီရိုဟင်ဂျာတွေရဲ့ နိုင်ငံသားဖြစ်ခွင့်ရရေး၊ အခြေခံလူ့အခွင့်အရေးဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်တွေ ပြန်လည်ရရှိရေးအတွက် မြန်မာအစိုးရကို တိုက်တွန်းပေးဖို့ ဆန္ဒပြခြင်းဖြစ်ပါတယ်လို့ ပြောသွားပါတယ်။

အဲဒီ ဆန္ဒပြပွဲကို နယူးရောက်မြို့အခြေစိုက် ရိုဟင်ဂျာကွန်ရက်နဲ့ Winsconsin ပြည်နယ်ရှိ အမေရိကန် - ရိုဟင်ဂျာအဖွဲ့က ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org