ရခိုင် ပြဿနာဟာ အမုန်းတရားပွားအောင် ဖန်တီးခဲ့မှုတွေရဲ့ အကျိုးဆက်လို့ ဆို
ရခိုင် ပြည်နယ်မြောက်ပိုင်း ပြဿနာနဲ့ အဲဒီက မွတ်စလင် ရိုဟင်ဂျာတွေ အိုးအိမ်စွန့်ထွက်ပြေးကြ ရတဲ့ဖြစ်ရပ်တွေ အသတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တွေဟာ ပြည်သူလူထုအကြား အမုန်းတရားပွား များအောင် ဖန်တီးခဲ့တဲ့လုပ်ရပ်တွေရဲ့ အကျိုးဆက်သာဖြစ်တယ်လို့ နယူးယောက်မြို့ အခြေစိုက် Amnesty International လူ့အခွင့်အရေးအဖဲ့ွက ဒီနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
-
2018-02-22 -
-
-
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာဖို့ရောက်ရှိလာကြတဲ့ ဘူးသီးတောင်မြို့နယ်က မွတ်စလင်တွေကို ဂေါ်ဒူသာရ၊ မှိုဝင်ချောင်းနယ်စပ် ခြံစည်းရိုးအနီးမှာ ၂၀၁၇၊ အောက်တိုဘာလ ၁ဝ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/RFA
ရခိုင် ပြည်နယ်မြောက်ပိုင်း ပြဿနာနဲ့ အဲဒီက မွတ်စလင် ရိုဟင်ဂျာတွေ အိုးအိမ်စွန့်ထွက်ပြေးကြရတဲ့ဖြစ်ရပ်တွေ အသတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တွေဟာ ပြည်သူလူထုအကြား အမုန်းတရားပွားများအောင် ဖန်တီးခဲ့တဲ့လုပ်ရပ်တွေရဲ့ အကျိုးဆက်သာဖြစ်တယ်လို့ နယူးယောက်မြို့ အခြေစိုက် Amnesty International လူ့အခွင့်အရေးအဖဲ့ွက ဒီနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ကမ္ဘာတလွှား နိုုင်ငံပေါင်း ၁၅၉ နိုင်ငံက အခြေအနေတွေကို သုံးသပ် ဖေါ်ပြရာမှာ မြန်မာနိုင်ငံက ပြည်သူတွေကြားမှာ လူနဲစုတွေကို မုန်းတီးအောင် အကြောက်တရား ကြီးမားအောင် လှုံ့ဆော်အားပေး ခဲ့တာတွေက နောက်ဆုံး ရိုဟင်ဂျာတွေကို စစ်တပ်က ရက်ရက်စက်စက် အကြမ်းဖက်ရှင်းလင်းတဲ့ အခြေအနေထိအောင် ရောက်သွားတာ မြင်ရကြောင်း A.I. အဖွဲ့ အတွင်းရေးမှူးချုပ် ဆာလီ-ရှက်တီက ပြောပါတယ်။
မြန်မာနိုင်ငံနဲ့အတူ အီရတ်၊ ယီမင်၊ တောင် ဆူဒန်၊ ဆီးရီးယား စတဲ့ နိုင်ငံတွေမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြ တာတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက ထိထိရောက်ရောက်တုံ့ပြန်ဖို့ ပျက်ကွက်ခဲ့ကြတယ်လို့လည်း ရေးသားထားပါတယ်။