ရိုဟင်ဂျာအရေး ကုလသမဂ္ဂကိုတင်ပြဖို့ OIC ဆုံးဖြတ်
ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ ကျင်းပနေတဲ့ အစ္စလာမ် ဘာသာဝင် နိုင်ငံများအဖွဲ့ OIC ညီလာခံက မြန်မာနိုင်ငံက ရိုဟင်ဂျာ အရေးကိစ္စကို ကုလသမဂ္ဂ တင်ပြသွားမယ်လို့ ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
-
2012-08-16 -
-
-
Organization of Islamic Cooperation (OIC) အဖွဲ့အကြီးအကဲ မစ္စတာ အစ်ကမက်လဒင်း အီစားနို
Photo:Wikipedia
အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်တဲ့ အစ္စလာမ် ဘာသာဝင်နိုင်ငံများအဖွဲ့ OIC က “ မြန်မာအာဏာပိုင်တွေအနေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်နေမှုနဲ့ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်လက် ရှိနေတာတွေကို ရှုတ်ချကြောင်း” ပြောဆိုလိုက်ပါတယ်။
ဒါကြောင့် အိုအိုင်စီညီလာခံကနေ ရိုဟင်ဂျာအရေးကိစ္စကို လာမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ပြသွားမယ်လို့ ဆုံးဖြတ်ကြောင်း အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။