ကော့သောင်းမှာ ဖမ်းမိတဲ့ ရိုဟင်ဂျာများ လာရင်းဒေသ ပြန်ပို့ပြီ

တနင်္သာရီတိုင်း ကော့သောင်းမြို့ကို အခု လဆန်းပိုင်းက စက်လှေ နဲ့ရောက်လာကြတဲ့ ရိုဟင်ဂျာ ၈၅ ယောက်ကို ဒီကနေ့ ဇန်နဝါရီ ၁၁ ရက်နေ့ မနက် ၄ နာရီက ကော့သောင်းမြို့ကနေ အမြန်ရေယာဉ်နဲ့ ရန်ကုန်မြို့ကတဆင့် နေရပ်ဒေသ ကို ပြန်လည်ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။

မြန်မာနိုင်ငံမှလှေဖြင့် ထွက်ပြေးလာတဲ့ မွတ်စလင် ဒုက္ခသည်တွေကို ၂၀၀၆ ခုနှစ် ဧပြီ ၂၅ရက်နေ့တွင် အင်ဒိုနီးရှား အစောင့်ရဲနဲ့အတူ တွေ့ရစဉ် Photo: AFP

ပြီးခဲ့တဲ့ရက်ပိုင်းက အဲ့ဒီ ရိုဟင်ဂျာ ၈၅ ယောက်ကို သက်သေအထောက်အထား လက်မှတ်တစ်စုံတစ်ရာမရှိတဲ့အတွက် လူင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ အရေးယူဖို့ နေပြည်တော်ကို တင်ပြထားရာက ဇန်နါရီ ၁ ရက်နေ့ မနေ့ညနေက နေရပ်ဒေသကိုပဲပြန်ပို့ဖို့ ညွန်ကြားလာတဲ့အတွက် ဒီကနေ့မနက်မှာ ပြန်ပို့လိုက်တာဖြစ်တယ်လို့ ကော့သောင်း လူင်မုှကြီးကြပ်ရေးဌာန ဦးစီးမှူး က RFA ကို ပြောပါတယ်။

"အထက်ကို တင်ပြထားတာကို တရားမစွဲပါနဲ့ နေရပ်ဒေသပဲပြန်ပို့ပါဆိုပြီးတော့ နေပြည်တော်က အဲ့လို အကြောင်းပြန်လာတယ် မနေ့က ၄ နာရီလောက်ကပေါ့။ အဲဒါကြောင့်မို့ ဒီနေ့မနက်ပြန်ပို့တာ၊ ပို့လိုက်ပြီ အကုန်ပို့လိုက်ပြီ ဒီနေ့မနက်၊ ကျနော်တို့က ဒီကနေပြီးတော့ မြိတ်ကိုသွားမယ်၊ မြိတ်ကနေပြီး မြစ်ကြီးနားသဘောၤနဲ့ ရန်ကုန်ကိုပေါ့၊ ကျနော်တို့ ရန်ကုန်မှာ တိုင်းလ
ကအစီအစဉ်နဲ့ သူတို့နေရပ်ဒေသ ပြန်ပို့မှာပေါ့နော်"

ပြန်ပို့လိုက်တဲ့ ရိုဟင်ဂျာ ၈၅ ယောက်ဟာ ပြည်ပနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ဆိုပြီး၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာရှိတဲ့ သဲချောင်း ဒုက္ခသည်စခန်းကနေပြီး ဇန်န
ါရီ ၂ ရက်နေ့ ည ၁ နာရီခွဲခန့်မှာ ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက်ကို စက်လှေနဲ့ရောက်ရှိလာကြပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ ဖြစ်ကြပါတယ်။

အဲဒီထဲမှာ အသက် ၁၈ နှစ်အထက် ၃၆ ယောက်သာပါ
င်ပြီး အသက် ၁၈ နှစ်အောက် ကလေးတွေက ၄၉ ယောက် ပါရှိတယ်လို့ ကော့သောင်းလူင်မှု ကြီးကြပ်ရေး ဦးစီးမှူးထံမှ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org