အင်ဒိုနီးရှားရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီဖို့ ကုလတိုက်တွန်း

ပင်လယ်ပြင်မှာ သီတင်းပတ်အတော်ကြာ မျောနေပြီးနောက် အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိသွားတဲ့ ရိုဟင်ဂျာဒုက္ခသည် ၅ဝဝ နီးပါးရှိပြီး သူတို့ကို လိုအပ်တဲ့အကူအညီတွေပေးကြဖို့ ဒေသတွင်းနိုင်ငံတွေကို ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ထပ်မံရောက်ရှိလာကြသော ရိုဟင်ဂျာဒုက္ခသည်များ။ Reuters

ပင်လယ်ပြင်မှာ သီတင်းပတ်အတော်ကြာ မျောနေပြီးနောက် အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိသွားတဲ့ ရိုဟင်ဂျာဒုက္ခသည် ၅ဝဝ နီးပါးရှိပြီး သူတို့ကို လိုအပ်တဲ့အကူအညီတွေပေးကြဖို့ ဒေသတွင်းနိုင်ငံတွေကို ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

ဒုက္ခသည် ၅ဝဝ နီးပါးဟာ ပြီးခဲ့တဲ့သီတင်းခြောက်ပတ်အတွင်း အင်ဒိုနီးရှားကို ရောက်သွားကြတဲ့ အရေအတွက်ဖြစ်ပါတယ်။ မျောပါနေစဉ်အတွင်း အကူအညီတောင်းခံခဲ့ပေမယ့် အကူအညီမရရှိခဲ့ဘူးလို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။

ပင်လယ်ပြင်မှာ မျောနေတဲ့ သီတင်းပတ်တွေအတွင်း ဒုက္ခသည်အနည်းဆုံး ၂၀ သေဆုံးခဲ့ရတယ်လို့လည်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလအစောပိုင်းကလည်း လူ ၁၈ဝ ပါ လှေတစ်စီးနစ်မြုပ်သွားခဲ့ရာမှာ အားလုံးသေဆုံးသွားခဲ့ပြီလို့ ယူဆရကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ လူတစ်သန်းနီးပါးရှိနေပြီး အဲဒီထဲမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ စစ်တပ်ရဲ့ဖြိုခွဲမှုကြောင့် ထောင်သောင်းချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။

ပြီးခဲ့တဲ့နှစ်က ဒုက္ခသည်စခန်းတွေကနေ ထွက်ခွာခဲ့ကြသူ ငါးရာဝန်းကျင်ရှိခဲ့ပြီး ဒီနှစ်မှာ ၂၄၀၀ ဝန်းကျင်ရှိမယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့စာရင်းအရ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org