လူမျိုးတုံးသတ်ဖြတ်မှု မြန်မာ သံအမတ်ကြီး ငြင်းဆို

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေနဲ့ ပတ်သက်ပြီး ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို “လူမျိုးတုံးသတ်ဖြတ်မှု” အဆင့် သတ်မှတ်ဖို့ အမေရိကန်အစိုးရက စဉ်းစားနေဆဲဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွန်း ကို တွေ့ရစဉ် .

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေနဲ့ ပတ်သက်ပြီး ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို “လူမျိုးတုံးသတ်ဖြတ်မှု” အဆင့် သတ်မှတ်ဖို့ အမေရိကန်အစိုးရက စဉ်းစားနေဆဲဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောဆိုလိုက်ပါတယ်။

မနေ့က ဝါရှင်တန်ဒီစီ အောက်လွှတ်တော်ကြားနာပွဲမှာ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ  ခေါင်းဆောင်တွေက - ရိုဟင်ဂျာမွတ်စလင်တွေအပေါ် စစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို “လူမျိုးတုံးသတ်ဖြတ်မှု” အဖြစ် အမေရိကန်အစိုးရက တရားဝင် သုံးနှုန်းဖို့ တောင်းဆိုခဲ့ကြတာပါ။

အစီရင်ခံစာမှာ ဖော်ပြထားတဲ့ အချက်အလက်တွေအပေါ် အမေရိကန် ပြည်ထောင်စုက လူမျိုးစုရှင်းလင်းမှုအဖြစ် အစောပိုင်းမှာကတည်းက သတ်မှတ်ထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု အဆင့် စဉ်းစားဆုံးဖြတ်ဖို့ဆိုတာ အသေးစိတ်  အချက်အလက်တွေကို ရနိုင်သမျှ စုဆောင်းပြီး လေ့လာသုံးသပ်ပြီးမှ လုပ်လို့ရမှာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွန်း ကလည်း လူမျိုးတုံးသတ်ဖြတ်မှုလို့ ပြောဆိုတာကို လက်မခံဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

“ကျနော်တို့အနေနဲ့ ပြောရရင် သူတို့လုပ်နေတာတွေကို လက်လည်းမခံဘူး။ အသိအမှတ်လည်း မပြုနိုင်ဘူး။ genocide လုပ်နေတယ်ဆိုရင် ဒီလို ဘယ်လိုလုပ်ပြီး နေလို့ရမလဲ။ လူ ၁၀ ယောက် ၁၅ ယောက် သေတာတောင် ဖုံးဖိထားလို့ ရတဲ့ကိစ္စမှ မဟုတ်တာ။ genocide ဆိုတဲ့ဟာက သိန်းနဲ့ သန်းနဲ့ချီပြီးဖြစ်တာ ဘယ်လိုလုပ်ဖြစ်နိုင် မှာလဲ”

ဒါ့အပြင် ICC နိုင်ငံတကာရာဇဝတ်ခုံရုံးတင် အရေးယူနိုင်ဖို့ ကြိုးပမ်းမှုကိုလည်း မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွန်း က ပြည်တွင်းရေးသာဖြစ်တယ်လို့ ဆိုပါတယ်။ အလားတူ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပြည်ပနိုင်ငံတွေ အဖွဲ့အစည်းတွေအနေနဲ့ ဝင်ရောက်စွက်ဖက်ခွင့် မရှိကြောင်း ပြောဆိုထားပါတယ်

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org