အကြမ်းဖက်လုပ်ရပ် ကျူးလွန်သူတွေကို အရေးယူဖို့ မြန်မာကို မလေးရှား တိုက်တွန်း

တခြားလူနည်းစုတွေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေပေါ် အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူတွေကို နိုင်ငံတကာဥပဒေတွေနဲ့အညီ မြန်မာအစိုးရက အရေးယူဖို့ မလေးရှားနိုင်ငံက တိုက်တွန်း လိုက်ပါတယ်။

မောင်တောမြို့နယ်အတွင်းက မီးလောင်ထားတဲ့ နေရာတွေကို တွေ့ရစဉ် Photo: Min Thein Aung/ RFA

တခြားလူနည်းစုတွေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေပေါ် အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူတွေကို နိုင်ငံတကာဥပဒေတွေနဲ့အညီ မြန်မာအစိုးရက အရေးယူဖို့ မလေးရှားနိုင်ငံက တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ နိုင်ငံတကာ သီးခြားလွတ်လပ်တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့က ဒီလ ၂၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာဟာ မနှစ်က သြဂုတ်လ ၂၅ ကစပြီး ရိုဟင်ဂျာတွေကို ပြုမူတာဟာ အရင်က ကျူးလွန်တဲ့ လူမျိုးတုံးလုပ်ရပ်တွေနဲ့ အသွင်တူတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Saifuddin Abdullah က ပြောပါတယ်။

အစီရင်ခံစာပါ ပြစ်မှုတွေဟာ ၁၉၄၈ လူမျိုးတုံးသတ်ခြင်းပဋိညာဉ်စာတမ်းပါ အချက်နဲ့ ကိုက်ညီတယ်လို့ ပြောပါတယ်။ ဒါကြောင့် ပြစ်မှုကျူးလွန်သူတွေကို အရေးယူဖို့ အစိုးရမှာ ပင်မတာဝန်ကျရောက်တယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org