ရိုဟင်ဂျာအရေး ကန် အောက်လွှတ်တော်မှာ ပြစ်တင်ရှုတ်ချ
ရိုဟင်ဂျာတွေကို လူမျိုးစုမျိုးတုံးပျက်သုဉ်းရေး ဆောင်ရွက်တယ်ဆိုပြီး အမေရိကန်အောက် လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီက ဒီမိုကရက်နဲ့ ရီပတ်ပလစ်ကန် နှစ်ပါတီလုံး ကအမတ်တွေက မြန်မာအစိုးရကို ပူးတွဲရှုတ်ချလိုက်ပါတယ်။
-
2018-03-23 -
-
-
ဘင်္ဂလားဒေ့ရှ်နိုင်ငံက စခန်းတစ်ခုမှာ မွတ်စလင်ဒုက္ခသည်တွေကို တွေ့ရစဉ်
ရိုဟင်ဂျာတွေကို လူမျိုးစုမျိုးတုံးပျက်သုဉ်းရေး ဆောင်ရွက်တယ်ဆိုပြီး အမေရိကန်အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီက ဒီမိုကရက်နဲ့ ရီပတ်ပလစ်ကန် နှစ်ပါတီလုံးကအမတ်တွေက မြန်မာအစိုးရကို ပူးတွဲရှုတ်ချလိုက်ပါတယ်။
ရီပတ်ပလစ်ကန်အမတ်တွေဖြစ်တဲ့ ဂျွန်မက်ကိန်း၊ တော့ထ်ယန်းနဲ့ ဒီမိုကရက်အမတ်တွေဖြစ်တဲ့ ဂျက်ဖ် မာကလေနဲ့ တင်မ်ကိန်းတို့ ပူးတွဲကြေညာလိုက်တာပါ။
ဒါ့အပြင် ရိုဟင်ဂျာတွေကို ပြန်လက်ခံတဲ့အခါ လုံခြုံရေးတာဝန်ယူဖို့၊ သိက္ခာရှိရှိလက်ခံဖို့၊ သူ့တို့ဆန္ဒအတိုင်းဖြစ်စေဖို့ မြန်မာအစိုးရအနေနဲ့ ဆောင်ရွက်ပေးရမယ်လို့လည်း အမတ်တွေက တောင်းဆိုလိုက်ပါတယ်။ အမေရိကန်အစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဒါကိုဝိုင်းဝန်းဆောင်ရွက်ရမယ်လို့ ဂျွန်မက်ကိန်းက ပြောလိုက်ပါတယ်။