ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေမှာ မြန်မာပါဝင်

ဒီ ၂၅ နှစ်အတွင်း ကမ္ဘာတစ်ဝန်းက ပုဂ္ဂိုလ်တစ်ဦးချင်း၊ ဒါမှမဟုတ် အသိုင်းအဝိုင်းတွေဟာ ဘာသာရေး ဒါမှမဟုတ် မိမိယုံကြည်ရာကို လွတ်လွတ်လပ်လပ် မကျင့်သုံးနိုင်သေးဘူးလို့ ဖော်ပြပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ နှစ်ခြင်းဘုရားကျောင်း တစ်ကျောင်းကို ၂၀၂၃ ခုနှစ် မေလ ၅ ရက်နေ့က တွေ့ရစဉ်။ The Chin Journal

မြန်မာနိုင်ငံအပါအဝင် ၁၇ နိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့် ဆိုးဆိုးဝါးဝါး ချိုးဖောက်တဲ့အတွက် အထူးစိုးရိမ်ရတဲ့နိုင်ငံတွေ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF ) က မေ ၁ ရက်က ထုတ်ပြန်တဲ့ ၂၀၂၄ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

၂၀၂၃ အတွင်း အဖြစ်အပျက်တွေကို မှတ်တမ်းရယူထုတ်ပြန်လိုက်တာပါ။ IRFA နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့် ဥပဒေ ပြဌာန်းခြင်း ၂၅ နှစ်မြောက် အစီရင်ခံစာလည်း ဖြစ်ပါတယ်။

ဒီ ၂၅ နှစ်အတွင်း ကမ္ဘာတစ်ဝန်းက ပုဂ္ဂိုလ်တစ်ဦးချင်း၊ ဒါမှမဟုတ် အသိုင်းအဝိုင်းတွေဟာ ဘာသာရေး ဒါမှမဟုတ် မိမိယုံကြည်ရာကို လွတ်လွတ်လပ်လပ် မကျင့်သုံးနိုင်သေးဘူးလို့ ဖော်ပြပါတယ်။ နှစ်ပတ်လည်အစီရင်ခံစာထဲ မီးမောင်းထိုးပြထားတဲ့ နိုင်ငံတွေမှာ အခြေအနေပိုဆိုးဝါးလာတာကို USCIRF အနေနဲ့ စိတ်နှလုံးထိခိုက်ရတယ်လို့ အစီရင်ခံစာမှာ ရေးသားပါတယ်။

မြန်မာ၊တရုတ်၊ ကျူးဘား၊ မြောက်ကိုရီး၊ ရုရှား စတဲ့ ၁၂ နိုင်ငံကို အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေအဖြစ် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက မနှစ်က ဒီဇင်ဘာက သတ်မှတ်ခဲ့ပြီး အာဖဂန်၊ အိန္ဒိယ၊ဗီယက်နမ်စတဲ့ ငါးနိုင်ငံကို ခုထပ်တိုးလိုက်တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org