မြန်မာ ဒုက္ခသည်တွေကို အမေရိကန် ဆက်လက်ကူညီမည်

ထိုင်း မြန်မာနယ်စပ်က မြန်မာ ဒုက္ခသည်တွေ အတွက် အမေရိကန် ပြည်ထောင်စုက အကူအညီတွေ ဆက်လက် ပံ့ပိုးသွားမှာ ဖြစ်သလို၊ ဒီနှစ် တတိယနိုင်ငံရွှေ့ပြောင်း အခြေချရေး အစီအစဉ် အတွက်လည်း ဒုက္ခသည် တစ်သောင်း ခေါ်ယူမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Kristie Kenney က မနေ့က ပြောကြားလိုက်ပါတယ်။

စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများကြောင့် တောင်ငူနှင့် ညောင်လေးပင်ခရိုင်မှ ခြေလျင်ပြေးလာသော ကရင်ဒုက္ခသည် အမျိုးသမီးနှင့် ကလေးများကို တောတွင်းတနေရာ မိုးရေထဲတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: Courtesy of Free Burma Rangers) (Photo: Courtesy of Free Burma Rangers)

အမေရိကန် သံအမတ်ကြီး Ms. Kenney ဟာ မနေ့က ထန်ဟင်း ဒုက္ခသည် စခန်းကို သွားရောက် ကြည့်ရှုပြီး၊ အဲဒီစခန်းမှာ ကူညီ ဆောင်ရွက်နေကြတဲ့ နိုင်ငံတကာ ကူညီရေးလုပ်သားတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ထန်ဟင်း စခန်းမှာ ဒုက္ခသည်ပေါင်း (၈) ထောင်လောက်ရှိပြီး ကြပ်ကြပ်သိပ်သိပ် နေထိုင် နေကြရပါတယ်။ ပြည်တွင်း စစ်ဘေးကြောင့် ပြေးလာခဲ့ကြရတဲ့ ဒုက္ခသည် အများစုက ကိုယ့်အိမ်ကိုယ် ပြန်ချင်ကြောင်း ပြောဆိုကြတယ်လို့ Ms. Kenney က ဆိုပါတယ်။

ထိုင်းအစိုးရမှာ ဒုက္ခသည် ပြန်ပို့ရေး အစီအစဉ်ရှိပေမဲ့ ဒါဟာ ပြန်လိုသူတွေ အတွက်သာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက မိမိကို အကြိမ်ကြိမ် ရှင်းလင်း ပြောဆိုခဲ့ကြောင်း၊ ဒါပေမဲ့ ဒုက္ခသည်တွေ အိမ်ပြန်နိုင်ရေးနဲ့ပတ်သက်ပြီး နိုင်ငံရေးအရ အမျိုးသား ရင်ကြားစေ့ဖို့ ဦးဆုံးလိုအပ်နေပြီး မြေမြှုပ်မိုင်းပြဿနာ၊ အိုးအိမ်တွေ ပြန်လည် ထူထောင်ပေးရေး ကိစ္စ စတဲ့ ဆောင်ရွက်စရာတွေ အများအပြား ရှိနေတဲ့အပြင်၊ မြန်မာအာဏာပိုင်တွေရဲ့ အာမခံချက် ကတိကဝတ်တွေလည်း လိုအပ်ကြောင်း၊ ဒါပေမဲ့ အခုချိန်ထိတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာဘက်က ဘာအရိပ်လက္ခဏာမှ မပြသေးကြောင်း သံအမတ်ကြီး Ms. Kenney က ပြောပါတယ်။

မြန်မာနဲ့ နယ်စပ်က ထိုင်း ခရိုင် (၄) ခု မှာ ဒုက္ခသည် စခန်းပေါင်း (၉) ခုရှိပြီး ဒုက္ခသည်ပေါင်း တစ်သိန်းလောက် ရှိနေပါတယ်။ ပြီးခဲ့တဲ့ (၅) နှစ်အတွင်း အမေရိကန်ပြည်ထောင်စုက ဒုက္ခသည် (၆) သောင်း ခေါ်ယူခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org