ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ရာထူး သမ္မတ အဆိုပြု
လစ်လပ်နေတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာအတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဗိုလ်ချုပ် မောင်မောင်အုန်းကို အစားထိုးခန့်အပ်ဖို့ ဒီကနေ့ အရေးပေါ်ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်း အဝေးကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သဝဏ်လွှာပေး ပို့ပြီး အဆိုပြုလိုက်ပါတယ်။
-
2014-06-25 -
-
-
လစ်လပ်နေတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဗိုလ်ချုပ် မောင်မောင်အုန်းကို အစားထိုးခန့်အပ်ဖို့ ဒီကနေ့ အရေးပေါ်ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သဝဏ်လွှာပေးပို့ပြီး အဆိုပြုလိုက်ပါတယ်။
ဗိုလ်ချုပ်မောင်မောင်အုန်းကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ အဆိုပြုတာနဲ့ ပတ်သက်ပြီး ကန့်ကွက်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိရင် လာမယ့် ဇွန်လ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး ခိုင်လုံတဲ့သက်သေ အထောက်အထားတွေနဲ့အတူ လွှတ်တော်ဥက္ကဌထံ ပေး ပို့နိုင်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးလှမောင်တင်ကို သူ့ရဲ့ဆန္ဒသဘောထားနဲ့ ဝန်ကြီးချုပ်ရာထူး ကနေ နှုတ်ထွက်ခွင့်ပြုခဲ့တာလို့ သိရပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးကို လာမယ့် ဇွန်လ ၃၀ ရက်နေ့မှာ ဆက်လက်ကျင်းပဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။