MSF ဝင်ရောက်ရေး စစ်တွေမှာ ဝန်ကြီးများ ရှင်းလင်းဆွေးနွေး

နိုင်ငံတော်အစိုးရအနေနဲ့ MSF ခေါ်နယ် စည်းမထား ဆရာဝန်များအဖွဲ့ကို ရခိုင်ပြည်နယ်ထဲ ပြန်လည်ဝင်ရောက် လုပ် ကိုင်ဖို့ ဖိတ်ခေါ်ခဲ့တာနဲ့ ပတ်သက်ပြီး ရခိုင်ဒေသခံတွေ ဘက်က သဘောမတူတဲ့ခံစားချက်ကို စာနာနားလည်မိသလို အစိုးရရဲ့ အကျပ်အတည်းတွေကိုလည်း ရခိုင်ဒေသခံတွေ ဘက်က နားလည်ပေးကြဖို့ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဒီကနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဇူလိုင်လ ၂၇ ရက်နေ့ က နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ရပ်မိရပ်ဖတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံစဉ် Photo: Min Thine Aung / RFA

နိုင်ငံတော်အစိုးရအနေနဲ့ MSF ခေါ်နယ်စည်းမထား ဆရာဝန်များအဖွဲ့ကို ရခိုင်ပြည်နယ်ထဲ ပြန်လည် ဝင်ရောက် လုပ်ကိုင်ဖို့ ဖိတ်ခေါ်ခဲ့တာနဲ့ ပတ်သက်ပြီး ရခိုင်ဒေသခံတွေဘက်က သဘောမတူတဲ့ခံစားချက်ကို စာနာနားလည်မိသလို အစိုးရရဲ့ အကျပ်အတည်းတွေ ကိုလည်း ရခိုင်ဒေသခံတွေဘက်က နားလည်ပေးကြ ဖို့ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဒီကနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဒီကနေ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ စစ်တွေမြို့က ရပ်မိ ရပ်ဖတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး အခုလို ပြောပြတာပါ။

"ဒီနေ့ ပြဿနာလေးတစ်ခုကတော့ ခင်ဗျားတို့ အနေနဲ့ကတော့ ဟုတ်လား MSF ကို ကျနော်တို့က မလိုချင်ဘူး ငြင်းကြတယ်၊ အစိုးရတော့ ဒီလိုလုပ် တယ်ဆိုပြီး ခင်ဗျားတို့ ရင်ထဲမှာရှိပါတယ်၊ ကျနော်နားလည်ပါတယ်၊ ဒါပေမဲ့ ကျနော်ကိုလည်း နားလည်ပေးဖို့က နိုင်ငံတကာနဲ့ ကျနော်လုပ်ရတဲ့အခါမှာ ခင်ဗျားတို့ဟာ အလေးထားတယ် သို့သော် လည်း ကျနော်ဘက်က နိုင်ငံတကာနဲ့ ပုံဖော်ပြီးတော့ မြန်မာအစိုးရဟာ ဒီလိုလူတွေကို ဆေးမကုပဲ သတ်နေတယ်လို့ ပြောတဲ့အတွက်ကြောင့် ဒီပုံဖော်ခြင်းကို ကျနော်က ပြန်ပြီးတော့ လျော့အောင် လုပ်ရမယ်၊ ဒါကြောင့် ကျနော်တို့ အစိုးရကိုလည်း နားလည်ပေးပါလို့ ကျနော်ကပြောချင်ပါတယ်"

နိုင်ငံတော်အစိုးရအနေနဲ့ MSF ခေါ် နယ်စည်းမထား ဆရာဝန်များအဖွဲ့ကို ရခိုင်ပြည်နယ်အတွင်း ပြန်လည် ဝင်ရောက်လုပ်ကိုင်တဲ့ အခါမှာလည်းအရင်က အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အချက်အလက်တွေအတိုင်း ပွင့်လင်းမြင်သာဖို့၊ နှစ်ဘက်မျှတအောင်ဆောင်ရွက်ဖို့နဲ့ ကျန်းမာရေး ဝန်ကြီးဌာနအပြင် ပြည်နယ်အစိုးရအဖွဲ့နဲ့ ပူးတွဲပြီး ဆောင်ရွက်သွားဖို့ စတဲ့အချက်တွေကို ပြင်ဆင် ထားကြောင်းလည်း ဝန်ကြီးဦးစိုးသိန်းက ပြောပါတယ်။

တစ်ဆက်တည်းမှာပဲ အစိုးရက MSF ခေါ် နယ်စည်းမထားဆရာဝန်များအဖွဲ့ကို ရခိုင်ပြည်နယ်ထဲကို ပြန်လည် ဝင်ရောက်ဖို့ ဖိတ်ခေါ်ခဲ့တဲ့ကိစ္စအပေါ် ရခိုင်ဒေသခံပြည်သူလူထုတွေက သဘောမတူကြောင်း စစ်တွေမြို့က သံဃာ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း အပါအဝင် ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေကို ဒီကနေ့ရက်စွဲနဲ့ ကန့်ကွက်စာပေးပို့လိုက်ပါတယ်။

ဒီကနေ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ တွေ့ဆုံပွဲကို လဝကဝန်ကြီး ဦးခင်ရီ အပါအဝင် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်နဲ့ ဗြိတိန်သံအမတ်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲ ကို အမေရိကန်နဲ့ ဗြိတိန်သံအမတ်ကြီးတို့လည်း တက်ရောက်ခဲ့ပြီး  မြို့ခံလူကြီး တစ်ဦိးဖြစ်သူ ဦးသန်းထွန်းကို ဒေါ်ခင်ခင်အိက မေးမြန်း တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org