MSF ထွက်ခွာရေး စစ်တွေမှာ ဒုတိယမြောက်နေ့ ဆန္ဒပြ
ရခိုင်ပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက် မှုတွေ အကူအညီပေးနေတဲ့ နယ်စည်း မထား ဆရာဝန်များအဖွဲ့ MSF ကို ရခိုင်ပြည်နယ်ကနေ ချက်ချင်းထွက်ခွာသွားပေးဖို့ ရာနဲ့ချီ တဲ့ဒေသခံတွေက စစ်တွေမြို့မှာရှိတဲ့ MSF ရုံးခွဲရှေ့မှာ ဒီကနေ့ ဒုတိယမြောက်နေ့အဖြစ် တောင်းဆိုဆန္ဒပြခဲ့ကြ ပါတယ်။
-
2014-02-23 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ အကူအညီပေးနေတဲ့ နယ်စည်းမထား ဆရာဝန်များ အဖွဲ့ MSF ကို ရခိုင်ပြည်နယ်ကနေ ချက်ချင်းထွက်ခွာ သွားပေးဖို့ ရာနဲ့ချီတဲ့ဒေသခံတွေက စစ်တွေမြို့မှာရှိတဲ့ MSF ရုံးခွဲရှေ့မှာ ဒီကနေ့ ဒုတိယမြောက်နေ့ အဖြစ် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF အနေနဲ့ ရခိုင်ပြည်နယ်ထဲကနေ မထွက်ခွာသွားသရွေ့ ဆက်လက်ဆန္ဒပြ တောင်းဆိုသွားမယ်လို့ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ စစ်တွေ ရခိုင်လူမှုကွန်ရက်က ကိုစိုးနိုင်က ပြောပါတယ်။
"အခုကျနော်တို့ AZG(MSF) Get Out ဆိုတဲ့ အင်္ကျ ီတွေဝတ်ပြီးတော့ တစ်မြို့လုံးအနှံ့ လုပ်ဖို့လည်း စီစဉ်ထားပါတယ်၊ နောက်ထပ် ကျနော်တို့ တဆင့်ချင်းစီ ဖော်ပြသွား မှာ ဖြစ်ပါတယ်၊ ဒီအဖွဲ့ မထွက်မချင်းတော့ ကျနော်တို့လုပ်ဖို့ စဉ်းစားထားပါတယ်"
ရခိုင်ပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ဟာ မွတ်စလင်တွေကိုသာ အဓိကထား ကူညီနေတယ်ဆိုပြီး စစ်တွေမြို့မှာရှိတဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရုံးရှေ့မှာ မနေ့က စတင်ပြီး ဒေသခံတွေက အခုလို ကန့်ကွက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
နယ်စည်းမထား ဆရာဝန်များအဖွဲ့က အခုလို ကြုံတွေ့ရတဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်းနဲ့ မိမိတို့အဖွဲ့ဟာ ကျန်းမာရေး လိုအပ်ချက်ကိုကြည့်ပြီး ကူညီနေတာဖြစ်ကြောင်း ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် အစိုးရက မိမိတို့ကို လိုအပ်နေသရွေ့ ရခိုင်ပြည်နယ်ထဲကနေ ထွက်ခွာသွားမှာ မဟုတ်ကြောင်း MSF အဖွဲ့ရဲ့ ရခိုင်ပြည်နယ် တာဝန်ခံတစ်ဦးဖြစ်သူ Simon Tyler က RFA ကို မနေ့က ပြောပါတယ်။
ရခိုင်ပြည်နယ် အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်ကို RFA ဒေါ်ခင်ခင်အိ က မေးမြန်းထားပါတယ်။