နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် ရခိုင်ဝန်ကြီးချုပ် ရှင်းလင်း

ရခိုင်ပြည်နယ်မှာ နိုင်ငံသားဟုတ်မဟုတ် စိစစ်ဖို့လိုအပ်သူတွေကို ထပ်မံစိစစ်တော့ မှာ မဟုတ်ဘဲ နိုင်ငံသား မှတ်ပုံတင် စိစစ်ရေး စီမံချက်တွေမှာ တစ်ပါတည်း ထည့်သွင်းဆောင် ရွက်သွားဖို့ စီစဉ်နေတယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောပါတယ်။

စစ်တွေမြို့၊ ပြည်နယ်အရေးပေါ် ပူးပေါင်းဆောင်ရွက်ရေး စင်တာ ECC ရုံးမှာ အောက်တိုဘာ ၂၄ နေ့က ရပ်မိရပ်ဖတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေပါဝင်တဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေစိစစ်ရေး ဆွေးနွေးစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ နိုင်ငံသားဟုတ်မဟုတ် စိစစ်ဖို့ လိုအပ်သူတွေကို ထပ်မံစိစစ်တော့မှာ မဟုတ် ဘဲ နိုင်ငံသား မှတ်ပုံတင် စိစစ်ရေး စီမံချက်တွေမှာ တပါတည်း ထည့်သွင်းဆောင်ရွက်သွားဖို့ စီစဉ်နေ တယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း က ပြောပါတယ်။

စစ်တွေမြို့ ပြည်နယ်အရေးပေါ် ပူးပေါင်းဆောင် ရွက်ရေးဌာန ECC ရုံးခန်းမှာ သောကြာနေ့ကပြုလုပ်တဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ ဆွေးနွေး ပွဲမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

"လာမယ့်အနာဂါတ်မှာ စိစစ်တဲ့အခါ ကျနော်သိရသလောက်က Pilot Project တွေ ကျနော်တို့ မလုပ်တော့ဘူး၊ တစ်နိုင်ငံလုံးမှာရှိတဲ့ တရုတ်တွေ ကုလားတွေ အကုန်လုံးပေါ့၊ နိုင်ငံခြားသားတွေကို တစ်ဖက်နိုင်ငံကနေ ကျနော်တို့နိုင်ငံမှာ ရောက်နေတဲ့လူတွေကို လဝက က တစ်နှစ်ကို ပုံမှန်နှစ်ကြိမ် စိစစ်ရေးလုပ်ပါတယ်၊ တစ်နိုင်ငံလုံးကို နိုင်ငံသားစိစစ်ရေးလုပ်ငန်းမှာပဲ ပါဝင်ဆက်စပ်ဆောင်ရွက်သွားဖို့ဆိုတဲ့ အနေ အထားလေးတွေနဲ့ ဖြစ်လာပါမယ်"

နိုင်ငံသား စိစစ်ဖို့လိုအပ်သူတွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ သီးသန့်ဧရိယာတွေသတ်မှတ်ပြီး စိစစ်ခဲ့ပါတယ်။ အခုတော့ အဲ့ဒီ စိစစ်ရေးလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ဦးစီးဌာနက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်နေတဲ့ နိုင်ငံသား မှတ်ပုံတင်စိစစ်ရေး စီမံချက်တွေမှာ တပါတည်း ထည့်သွင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံသား စိစစ်ဖို့လိုအပ်သူတွေအများစုဟာ အစ္စလာမ်ဘာသာ ဝင်တွေဖြစ်ကြပါတယ်။

ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကစပြီး နိုင်ငံသားစိစစ်မှုတွေဆောင်ရွက်ခဲ့ရာမှာ မွတ်စလင် ၂ဝ၉ ဦးကို နိုင်ငံသားနဲ့ နိုင်ငံသား လက်မှတ်တွေ အသီးသီးထုတ်ပေးခဲ့ပါတယ်။ အဲ့ဒီအထဲမှာ အထောက်အထား မပြည့်စုံသူတွေ ပါဝင်နေတယ်ဆိုပြီး မြေပုံမြို့ခံတွေအကြား ကန့်ကွက်မှုတွေ ပေါ်ပေါက်ခဲ့ ပါတယ်။

ဒီအတွင်း မြန်မာနိုင်ငံရခိုင်ပြည်နယ်ကနေ လှေတွေနဲ့ ပင်လယ်ဖြတ်ထွက်ပြေးခဲ့ကြသူ ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေ အခုရက်ပိုင်း အတွင်း ပိုပြီးများပြားလာနေတယ်လို့ Arakan Project အဖွဲ့ က ပြောပါတယ်။

အောက်တိုဘာလ ၁၅ ရက်ကစပြီး ကုန်တင်လှေတွေနဲ့ ထွက်ခွာခဲ့ကြသူ တစ်ရက်ကို ပျမ်းမျှ အရေအတွက် လူ ၉ဝဝ ဝန်းကျင်ရှိခဲ့တဲ့အတွက် သီတင်းနှစ်ပတ်နီးပါးအတွင်း ထွက်ပြေးသူ တစ်သိန်း နီးပါးရှိခဲ့တယ်လို့ အဲ့ဒီအဖွဲ့က ပြော ပါတယ်။ ဒါ့ပြင် ရခိုင်ပြည်နယ် အာဏာပိုင်တွေက RSO ခေါ် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်ပတ်သက်မှုရှိတယ်ဆိုပြီး လူအတော်များများကို ဖမ်းဆီးခဲ့တာဟာလည်း၊ အဲသလို အလုံးအရင်း နဲ့ ထွက်ပြေးကြအောင် ရည်ရွယ်ဆောင်ရွက်ခဲ့တာလို့ မိမိတို့ ယုံကြည်လာကြောင်း Arakan Project အဖွဲ့ က ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဦးဝင်းမြိုင် ကတော့ RSO သံသယရှိမှုနဲ့ ဖမ်းဆီးတာမျိုး မကြားမိကြောင်း အေပီ သတင်းကို ပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org