လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင် ဖျက်သိမ်းသင့်ကြောင်း HRW ပြော

မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်ပဋိပက္ခဆိုင်ရာ အချက်အလက်ရှာဖွေစုဆောင်းရေး ကော်မရှင်ကို ဖျက်သိမ်းသင့်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဖိလစ်ပိုင် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း သံအမတ်ကြီး Rosario Manalo ကို တွေ့ရစဉ် Photo: dfaphl

မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်ပဋိပက္ခဆိုင်ရာ အချက်အလက်ရှာဖွေစုဆောင်းရေး ကော်မရှင်ကို ဖျက်သိမ်းသင့်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးဖောက်ဖျက်ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေအပေါ် အလေးအနက် စုံစမ်းစစ်ဆေးလိုတဲ့ ဆန္ဒမရှိကြောင်း ထင်ရှားနေတဲ့အပြင်၊ တရားဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ နှောင့်နှေးတုံ့ဆိုင်းနေရုံသာမက၊ ဖြစ်စဉ်တွေမှာ လူ့အခွင့်အရေး ဖောက်ဖျက်ကျူးလွန်တဲ့ သက်သေသာဓကတွေ မတွေ့ရှိကြောင်း ဖော်ပြခဲ့တဲ့အတွက် ဘက်လိုက်မှုတွေ ရှိနေတယ်ဆိုတာ ပြသနေတယ်လို့ HRW က ထုတ်ပြန်ပါတယ်။

ဒါ့ပြင် ကုလသမဂ္ဂရဲ့ စုံစမ်းတွေ့ရှိချက်တွေကိုလည်း ကော်မရှင်က လျစ်လျူရှုခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org