ရခိုင်ပြည်နယ်က လူ တစ်သန်းခွဲကျော် ကျန်းမာရေးစောင့်ရှောက်မှု ဆုံးရှုံး
ရခိုပြည်နယ် အလယ်ပိုင်းနဲ့ မြောက်ပိုင်းမှာရှိတဲ့ လူဦးရေ ၁ ဒဿမ ၆ သန်းဟာ ဆေးရုံကျန်းမာရေး စောင့်ရှောက်ခွင့်မရတဲ့အခြေအနေကြုံနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က မေလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
-
RFA Burmese
2024-05-24 -

ရာသီဥတုပူပြင်းတဲ့ ကာလဖြစ်တာကြောင့် သောက်သုံးရေရှားပါးတာနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေတယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်က လူသားချင်းစာနာမှုဆိုင်ရာအခြေအနေဟာ ပြင်းထန်နေတဲ့ တိုက်ပွဲတွေနဲ့ လူမျိုးရေးတင်းမာမှုတွေနဲ့အတူ အထူးစိုးရိမ်ဖွယ်ရာဖြစ်နေပြီး လိုအပ်ချက်တွေများနေပေမဲ့လည်း သွားလာခွင့်ကန့် သတ်ချက်တွေရှိနေဆဲပဲလို့လည်း ဖော်ပြထားပါတယ်။
ဒီနှစ် ပထမသုံးလပတ်အတွင်း လူဦးရေတစ်သန်းနီးပါးဆီ အကူအညီတွေ ပေးနိုင်ခဲ့ပေမဲ့ အခက်အခဲတွေမျိုးစုံနဲ့ ရန်ပုံငွေရရှိမှု နည်းပါးနေသေးတယ်လို့ UNOCHA က ဆိုပါတယ်။ ၂၀၂၄ ခုနစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ တုံ့ပြန်ရေးလုပ်ငန်းစီမံချက်မှာ လိုအပ်ချက်ရဲ့ ၁၀ ရာနိုင်နှုန်းပဲ ရန်ပုံငွေရရှိသေးတယ်လို့လည်း ဆိုပါတယ်။