ရခိုင်ပြည်နယ်မှာ တိုးတက်မှု ရအောင်အခြေအနေဖန်တီးပေးဖို့ မြန်မာကို ကုလ တိုက်တွန်း

ရခိုင်ပြည်နယ်မှာ သိသာထင်ရှားတဲ့ တိုးတက်မှု အခြေအနေတွေ ပေါ်ပေါက်လာအောင် ဆောင်ရွက်ဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂ အဖွဲ့ အစည်းတွေက တိုက်တွန်းလိုက်ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက စခန်းတစ်ခုမှာ မွတ်စလင်ဒုက္ခသည်တွေကို တွေ့ရစဉ်

ရခိုင်ပြည်နယ်မှာ သိသာထင်ရှားတဲ့ တိုးတက်မှု အခြေအနေတွေ ပေါ်ပေါက်လာအောင် ဆောင်ရွက်ဖို့  မြန်မာအစိုးရကို ကုလသမဂ္ဂ အဖွဲ့ အစည်းတွေက တိုက်တွန်းလိုက်ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြတဲ့ မူစလင်ဒုက္ခသည်တွေ သူတို့ဆန္ဒအရ၊ လုံခြုံမှု ရှိရှိ၊ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်လာနိုင်ကြအောင် အခင်းအကျင်းတွေ စီမံဆောင်ရွက်ပေးဖို့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြိးရုံး UNHCR ၊ ကုလသမဂ္ဂ ဖွံ့ဖြိးရေးအစီအစဉ် UNDP နဲ့ မြန်မာအစိုးရတို့ ပြီးခဲ့တဲ့ဇွန်လ ၆ ရက်နေ့က သုံးပွင့် ဆိုင် သဘောတူနားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပြီးတဲ့နောက် နှစ်လ အကြာမှာ အဲဒီ ကုလသမဂ္ဂ အဖွဲ့အစည်းနှစ်ခုက မြန်မာ အစိုးရ ကို အခုလို တိုက်တွန်းခဲ့ကြတာပါ။

သဘောတူ စာချွန်လွှာမှာ ဒုက္ခသည်တွေ ရခိုင်ပြည်နယ်ကို ပြန်လာနိုင်ဖို့၊ လွတ်လွတ်လပ်လပ်သွားလာနိုင်ဖို့၊  ဖြစ်ပွားခဲ့တဲ့ ပြဿနာရဲ့ အကြောင်းရင်းတွေကို ဖြေရှင်းဖို့ ဆိုတဲ့ အရေးကြီးအချက် သုံးချက် ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org