တရုတ်အစိုးရနဲ့ ဝမ်ပေါင်ကုမ္ပဏီ ပြည်သူ့ဆန္ဒကို အလေးထားဖို့ သပိတ်အင်အားစုတွေ ကြေညာချက်ထုတ်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ ကြေးနီထုတ်လုပ်နေတဲ့ မြန်မာ-ဝမ်ပေါင် တရုတ်ကုမ္ပဏီရဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့က ထုတ်ပြန်ချက်ဟာ မြေပြင်အခြေနေတွေနဲ့ ကွဲလွဲနေသလို ကုမ္ပဏီအနေနဲ့ စစ်ကောင်စီကို ထောက်ပံ့ပေးနေတာကို လက်မခံဘူးလို့ စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ အနောက်မြောက်လွင်ပြင် သပိတ်အင်အားစုအဖွဲ့ ၁၇ ဖွဲ့က ဇူလိုင်လ ၂ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
- 2022-07-02
-
-
-
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ ကြေးနီထုတ်လုပ်နေတဲ့ မြန်မာ-ဝမ်ပေါင် တရုတ် ကုမ္ပဏီရဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့က ထုတ်ပြန်ချက်ဟာ မြေပြင်အခြေနေတွေနဲ့ ကွဲလွဲ နေသလို ကုမ္ပဏီအနေနဲ့ စစ်ကောင်စီကို ထောက်ပံ့ပေးနေတာကို လက်မခံဘူးလို့ စစ် အာဏာရှင်ကို ဆန့်ကျင်နေတဲ့ အနောက်မြောက်လွင်ပြင် သပိတ်အင်အားစုအဖွဲ့ ၁၇ ဖွဲ့က ဇူလိုင်လ ၂ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ကုမ္ပဏီအနေနဲ့ ကိုဗစ် -၁၉ ဖြစ်ပွားချိန်ကစပြီး ရပ်နားထားတဲ့ အလုပ်သမားတွေရဲ့ ရွာတွေ အပေါ် ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ဆောင်နေတယ်ဆိုတာနဲ့ အခြေခံ လုပ်ခလ စာတွေပေးထားပြီး ဒေသဖွံ့ဖြိုးရေးတွေ လုပ်ဆောင်ပေးနေတယ်ဆိုတဲ့ ပြောဆိုချက်တွေ ကလည်း မှားယွင်းနေတယ်လို့ ထုတ်ပြန်ချက်မှာပါဝင်တဲ့ အဖွဲ့တွေက ပြောပါတယ်။
ဒါ့အပြင် ကြေးနီစီမံကိန်းအနားက ရွာတွေအပေါ် မီးရှို့၊ သတ်ဖြတ်နေတဲ့ စစ်သားတွေကို ကုမ္ပဏီထဲမှာ နေထိုင်ခွင့်မပြုဖို့နဲ့ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ဖို့လည်း ကြေညာ ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
ဝမ်ပေါင်ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်တွေဟာ ဒေသမှာဖြစ်နေတာနဲ့ ကွဲလွဲနေလို့ အခုလို ထုတ် ပြန်တာလို့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီ အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“စီမံကိန်းရပ်နားထားတဲ့အခိုက် အခြေခံလစာပေးတယ်ပြောတယ်။ ဘဏ်စာအုပ်ရှိတဲ့ သူမှ ၃၀ ရာခိုင်နှုန်းရတယ်။ မရှိတဲ့သူက ၁၀ ရာခိုင်နှုန်းပဲရတယ်။ ဆေးဝါးကုတယ်ပြော တယ်။ ဒေသဖွံ့ဖြိုးရေးအတွက် ပေးရမယ့် ရာခိုင်နှုန်းတွေမပေးတာ အာဏာသိမ်းက တည်းကပဲ၊ ဒေသကို လုပ်ပေးတယ်ပြောတာတွေက အကုန်အလိမ်အညာတွေပဲ၊ နိုင်ငံ တကာကို လိမ်ညာထုတ်ပြန်တာတွေ မလုပ်ဖို့ မြေပြင်ကအဖွဲ့တွေက ပြန်လည်အသိပေး တာပါ"
ဝမ်ပေါင်ကုမ္ပဏီအနေနဲ့ စစ်အုပ်စုကို ထောက်ခံနေရင် ဒေသအနေနဲ့ လက်မခံနိုင်ဘူးလို့ လည်း သပိတ်ကော်မတီဝင်က ဆိုပါတယ်။
ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ အရာတော်မြို့ တော် လူထုသပိတ်ဦးဆောင်ကော်မတီ၊ ဒီပဲယင်းမြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ ပုလဲမြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ မုံရွာ-အမြင့်လမ်း လူထုသပိတ်ဦးဆောင် ကော်မတီ၊ လက်ပံတောင်းဒေသ အာဏာရှင်ဆန့်ကျင်ရေးအင်အားစု စတဲ့အဖွဲ့တွေ အပါ အဝင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ပါဝင်ပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း လက်ပံတောင်းတောင်ဒေသမှာ စစ် ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒေသခံ ၂၀ ဦးထက်မနည်း သေဆုံး ခဲ့ပြီး နေအိမ် ၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
ဒါကြောင့် တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီအနေနဲ့ နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ အကျိုးစီးပွားကို ရှေးရှုပြီး စစ်ကောင်စီတပ်သားတွေကို ကုမ္ပဏီအတွင်းအပြင်မှာ နေခွင့်မပြုဘဲ ပြည်သူတွေရဲ့ ဆန္ဒကို အလေးထားဖို့နဲ့ လိမ်ညာထုတ်ပြန်နေတာတွေ မလုပ်ဖို့ တိုက်တွန်းတယ်လို့ သပိတ် အင်အားစုတွေက ပြောပါတယ်။
ဇူလိုင်လ ၂ ရက် ဒီနေ့မှာလည်း လက်ပံတောင်းတောင်အနီးက ကျော်ရွာ အပါအဝင် ရွာ ပေါင်း ၃ ရွာလောက်က ဒေသခံ ၂၀၀ ဝန်းကျင်ဟာ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်း ထိုးနေတာကြောင့် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။