မြန်မာစစ်တပ်၏ ပြစ်မှုကျူးလွန်မှုများ ပြည်ပအင်အားစုများ ဆန္ဒပြ

မြန်မာအစိုးရက တိုင်းရင်းသားလူမျိုးစု အဖွဲ့တွေ အပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေရာမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျူးလွန်နေတာတွေကို အရေးယူပေးဖို့ နိုင်ငံတကာမှာ ဆန္ဒပြနေကြပါတယ်။

မြန်မာအစိုးရက တိုင်းရင်းသားလူမျိုးစု အဖွဲ့တွေ အပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေရာမှာ ကချင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အပေါ် ထိုးစစ်ဆင် နေတာတွေ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျူးလွန်နေတာတွေကို အရေးယူပေးဖို့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ မြန်မာ သံရုံးရှေ့မှာ စုပေါင်း ဆန္ဒပြနေကြပါတယ်။ RFA

နယ်သာလင်နိုင်ငံက မြန်မာ ဒီမိုကရေစီအင်အားစု BDC အဖွဲ့၊ အမျိုးသား ဒီမိုကရေစီ -လွတ်မြောက်နယ်မြေ -နယ်သာလင်ဌာနခွဲ တို့ဦးစီးမှုနဲ့ မြန်မာ တိုင်းရင်းသားပေါင်းစုံ ပါဝင်ပြီး The Hague မြို့က ICC နိုင်ငံတကာ ရာဇဝတ် တရားရုံးရှေ့မှာ ဒီကနေ့နေ့လည် ၁ နာရီကနေ ညနေ ၃ နာရီအထိ ကျင်းပရာမှာ အင်အား ၇၀ ကျော် ပါဝင်ဆန္ဒပြ ကြပါတယ်။

အလားတူဘဲ NLD လွတ်မြောက်နယ်မြေ ဗြိတိန်ဌာနခွဲ က ဦးဆောင်ပြီး အဖွဲ့ပေါင်း ၁၆ ဖွဲ့ပါဝင်တဲ့ မြန်မာ့ ဒီမိုကရေစီ အင်အားစု ၁၀၀ နီးပါးကလည်း မြန်မာအစိုးရက ကချင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အပေါ် ထိုးစစ်ဆင် နေတာတွေ၊ လူ ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ကန့်ကွက်တဲ့ အနေနဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ မြန်မာ သံရုံးရှေ့မှာ ဆန္ဒပြကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org