ဆန္ဒပြကျောင်းသားများ လက်မခံဖို့ ဘုန်းကြီးကျောင်းကို ဖိအားပေး

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ထန်းခြောက်ပင်ကျေးရွာမှာ ညအိပ်အနားယူကြမယ့် ဆန္ဒပြကျောင်းသားတွေကိုလက်မခံဖို့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ က ကျောင်းထိုင်ဆရာတော်ကို ဖိအားပေးခဲ့ကြောင်း သပိတ်မှောက်ကျောင်းသားတွေ က ပြောပါတယ်။

ပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြတဲ့ ကျောင်းသားတွေ ရန်ကုန်မြို့ကို ချီတက်လာစဉ် Photo: Hset Paing Toe/ RFA

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ထန်းခြောက် ပင်ကျေးရွာမှာ ညအိပ်အနားယူကြမယ့် ဆန္ဒပြကျောင်း သားတွေကို လက်မခံဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ က ကျောင်းထိုင်ဆရာတော်ကို ဖိအားပေးခဲ့ကြောင်း သပိတ်မှောက် ကျောင်းသားတွေက ပြောပါတယ်။

ထန်းခြောက်ပင်ကျေးရွာက ရွာဦးကျောင်းမှာ နားဖို့စီစဉ် ထားပေမယ့် နေလို့မရအောင် အုပ်ချုပ်ရေးအဖွဲ့က ဖိအားပေးခဲ့တာလို့ သပိတ်အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုက ပြောပါတယ်။

"တစ်ဖက်မှာဆွေးနွေးပွဲခေါ်တယ် ပျော့ပြောင်းနု ညံ့ တဲ့ အသွင်သဏ္ဍန်ကို ကမ္ဘာသိအောင်ပြတယ်၊ တစ်ဖက်မှာကျတော့ ကျနော်တို့ကို လာဖိအားပေး တယ်၊ ဒေသအာဏာပိုင်တွေနဲ့ ဖိအားပေးတယ် ၊ နေစရာကိုမရှိအောင် ပြည်သူလူထု ထောက်ခံမှုကင်းမဲ့သွားအောင် ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ဖိအားပေး တယ်၊ ကျနော်တို့ စိတ်ကိုဆွပြီး လမ်းပေါ်တက်လာအောင်လုပ်တယ်၊ လမ်းပေါ်တက်လာရင် ကျနော်တို့ အလွန်ဖြစ် မယ်ဆိုပြီးတော့ သူတို့က ဒီနေ့ ဆွထုတ်တယ်၊ ကျနော်တို့မြင်တာတော့ ကျနော်တို့ စုစည်းနေတဲ့အားကို၊ ညီညွတ်နေတဲ့အားကို အကျဉ်းထဲအကျပ်ထဲ ရောက်သွားအောင်၊ စဉ်းစားတွေးခေါ် ရခက်သွားအောင် ဖြိုခွဲ နည်းတစ်နည်းလို့ ကျနော်တို့မြင်တယ်"

ရွာဦးကျောင်းမှာ ညအိပ်နားခွင့်မရတဲ့ ဆန္ဒပြကျောင်းသားတွေက ရေနံချောင်းမြို့ပေါ်က မဟာဓမ္မိကာရာမစမ္ပာယ် ရုံ ကျောင်းတိုက်မှာ ဒီည ရပ်နားမှာဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြတဲ့ ကျောင်းသား ကျောင်းသူ ၁ဝဝ ကျော်ဟာ သပိတ်မှောက်တာ ကို ခေတ္တရပ်နားထားတယ်လို့သိရပြီး မနက်ဖြန် မကွေးမြို့ကို ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမမှာ ကျင်းပနေတဲ့ အစိုးရနဲ့ သပိတ်မှောက်ကျောင်းသားတွေရဲ့ ဆွေးနွေး ပွဲ အဖြေအပေါ်မူတည်ပြီး ဆက်လက်ဆန္ဒပြသင့် မသင့်ကို ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org