အကြမ်းဖက်ဖြိုခွဲမှု ဆန့်ကျင်ကြောင်း ဝါရှင်တန် ဒီစီ မြန်မာသံရုံးမှာ ဆန္ဒပြ

ဆန္ဒပြကျောင်းသားတွေကို အကြမ်းဖက် ဖြိုခွဲခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်ရှုတ်ချ ကန့်ကွက်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ရှိ မြန်မာနိုင်ငံသံရုံးရှေ့မှာ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေက မတ်လ ၇ ရက် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မတ်လ ၅ ရက်နေ့က လက်ပတ် အနီဝတ်ထားတဲ့သူတွေနဲ့ ကျောင်းသား၊ အရပ်သားတချို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားစဉ် Photo: Thiha Tun, Kyaw Lwin Oo/RFA

ဆန္ဒပြကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွဲခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်ရှုတ်ချကန့်ကွက်တဲ့အနေနဲ့ အမေရိ ကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ရှိ မြန်မာနိုင်ငံ သံရုံးရှေ့မှာ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေ နဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေက မတ်လ ၇ ရက် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲဟာ မြန်မာအစိုးရကို ကန့်ကွက်ဆန္ဒပြရုံတင်မ က အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင် သပိတ်မှောက်နေ တဲ့ ပြည်တွင်းကကျောင်းသားတွေနဲ့ တသားထဲဖြစ်တယ်ဆိုတာကိုပါ ပြသခြင်းဖြစ်တယ်လို့ နယူးယောက် ပြည်နယ် ကနေ လာရောက်ဆန္ဒပြသူ ပဲခူးတိုင်းအနောက်ပိုင်းဒေသဇာတိ ၈၈ မျိုးဆက်ကျောင်း သားဟောင်း ကိုဇော်နေမျိုး က ပြောကြားပါတယ်။

"အလယ်တန်းအဆင့်အခြေအနေမှာ စစ်ကျွန် ပညာရေးစနစ်လို့ခေါ်တဲ့ အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်ဆန့်ကျင်ပြီးသွားရင် ကျနော်တို့ရဲ့ ညီတော် ညီမတော် ကျောင်းသားလူငယ်တွေဟာ ဒီမိုကရေစီပညာရေးရဲ့ အရေးတော်ပုံကို ဆင်နွှဲနေပါတယ်၊ မြန်မာသံရုံးရှေ့မှာ နိုင်ငံတကာကို သိရှိဖို့အနေနဲ့ ညီအစ်ကိုဟာ ကျောင်းသားတွေနဲ့အတူ ရှိနေတယ်ဆိုတာ သံရုံးတစ်ခုရှေ့မှာတင် ကျနော်တို့လာပြီး ဆန္ဒပြတာမဟုတ်ဘူး၊ ဒီကနေပြီးတော့ တက်နိုင်သမျှ ဝန်းရံစောင့်ရှောက်တာကို လုပ်နေခြင်းဖြစ်တယ်"

ဆန္ဒပြသူတွေဟာ ညနေခင်းမှာ အမေရိကန်သမ္မတအိမ်ဖြူတော်ရှေ့ကိုသွားရောက်ပြီး မြန်မာအာဏာပိုင်တွေ ရဲ့လုပ်ရပ်ကို ဝေဖန်ထောက်ပြဖို့နဲ့ မြန်မာနိုင်ငံဆက်ဆံရေးကို ပြန်သုံးသပ်ဖို့ သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒုပြပွဲကို မေရီလန်း၊ ဗားဂျီးနီးယားနဲ့ ဝါရှင်တန်ဒီစီ နယ်တဝိုက်က မြန်မာတွေသာမက မြောက်ကာရိုလိုင်းနား၊ နယူးယောက်၊ အိုဟိုင်းအိုး၊ တက္ကဆတ်စတဲ့ အဝေးပြည်နယ်တွေက မြန်မာတွေပါ ပါဝင်တယ်လို့ ဆန္ဒပြသူတွေ က ပြောပါတယ်။

တချိန်တည်းမှာလည်း အခုလို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြပွဲကို နော်ဝေနိုင်ငံ အော်စလိုမြို့က ပါလီမန်ရှေ့ မှာ နော်ဝေရောက် မြန်မာ့အရေးလှုပ်ရှားသူတွေက သွားရောက်ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

ဝါရှင်တန်ဒီစီကဆန္ဒပြပွဲအကြောင်း ဆန္ဒပြသူတဦးဖြစ်သူ နယူးယောက်ပြည်နယ်က ကိုဇော်ကိုကိုနိုင်နဲ့ ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်တည်းနားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org