ကိုင်းတန်းပျံကျဈေး မပြောင်းရွှေ့ရဖို့ ဆန္ဒပြသူ ၃ ဦး အာမခံရ

မန္တလေး၊ ဈေးချိုတော်နားက ကိုင်းတန်းပျံကျညဈေး မပြောင်းရွှေ့ရဖို့အရေး ပြီးခဲ့တဲ့နှစ် သြဂုတ်လက မြိုတော်ဝန်ရုံးရှေ့ကို ဆန္ဒပြလမ်းလျှောက်ခဲ့ကြတဲ့ ဈေးသည်တွေကို ဦးဆောင်ခဲ့သူသုံးဦးကို ဒီကနေ့ ချမ်းအေးသာစံ မြို့နယ် တရားရုံးကနေ အာမခံရရှိပြီး ပြန်လည် လွတ်မြောက်လာပြီလို့ သိရပါတယ်။

တရားစွဲခံထားရတဲ့ ကိုအေးသိန်း အပါအဝင် သုံးဦးဟာ ပုဒ်မ ၅၀၅(ခ)၊  တရားမဝင် ဆန္ဒဖော်ထုတ်မှု ဥပဒေပုဒ်မ (၁၈) တို့နဲ့ တရားစွဲ အဖမ်းခံထားရတာဖြစ်ပါတယ်။

ဒီကနေ့ လွတ်မြောက်လာတဲ့ ၃ ဦးထဲက ကိုအေးသိန်းက RFA ကို အခုလို ပြောပါတယ်။

"အခု လွတ်မြောက်လာခဲ့တာကတော့ အကြိမ်ကြိမ်အခါခါ အာမခံတွေ တောင်းခဲ့တယ်၊ ဒီ ၅၀၅ (ခ)ညဆိုတာက မန္တလေးမှာပဲ အာမခံမရတာပါ၊ ရန်ကုန်တို့ တခြားနေရာဒေသတွေမှာတော့ အာမခံရတယ်၊ ဒီနေ့ ကျနော်တို့ အာမခံရခဲ့တယ် ဆိုတာကလည်း ထောင်ထဲမှာ ၁၇၇ ရက်နေပြီးမှ ရခဲ့တာပါ"

ကိုအေးသိန်း၊ ဦးဝင်းဆွေမြင့်၊ ဦးစိန်အောင်တို့ သုံးဦးကို မန္တလေးအိုးဘိုထောင်မှာ ချုပ်နှောင်တရားစွဲဆိုထားတာ အခုဆို ၆ လ နီးပါးကြာမှ အာမခံရခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org