အခြေခံဥပဒေပြင်ပေးရေး ဒဂုံဆိပ်ကမ်းမှာ တောင်းဆိုဆန္ဒပြ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက်ဖြစ်တဲ့ ပုဒ်မ ၅၉(စ) ပယ်ဖျက်ပေးရေး၊ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးရေး တို့အတွက် ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ရာချီရှိတဲ့ ဒေသခံတွေ စုပေါင်းပြီး လမ်းလျှောက် ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
-
2014-03-22 -

ပြည်သူတွေရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေရေးဆွဲထားတာ မဟုတ်တဲ့အတွက် ပြင်ဆင်ပေးဖို့ တောင်းဆိုတာလို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် ဒေသခံ ဦးသန်းစိုးက ပြောပါတယ်။
" ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉ (စ)(ဃ) တို့၊ တိုင်းရင်းသားတွေ အတွက် ရပိုင်ခွင့် အခွင့်အရေးတွေ ပေးဖို့ တောင်းဆိုခြင်းဖြစ်ပါတယ်ခင်ဗျာ၊ ကျွန်တော်တို့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေရေးဆွဲထားတဲ့ ဥပဒေမဟုတ်တဲ့ အတွက် ပြည်သူတွေကိုလည်း ကိုယ်စားမပြုဘူး၊ တိုင်းရင်းသား အဖွဲ့အစည်းတွေကိုလည်း ကိုယ်စားမပြုတဲ့ အတွက် ကျွန်တော်တို့ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပါတယ်"
ဒီနေ့ဆန္ဒပြခွင့်ကို ဒဂုံဆိပ်ကမ်းမြို့နယ်ရဲတပ်ဖွဲ့မှူးဆီမှာ လူဦးရေတစ်ထောင်တင်ပြ တောင်းခံခဲ့ပေမယ့် လူသုံးရာသာ ဆန္ဒပြခွင့်ရခဲ့တယ်လို့ သိရပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက အဲဒီပုဒ်မတွေ ပြင်ဆင်ပေးရေးအတွက် မနက်ဖြန်မှာ ရန်ကုန်တိုင်း ဒေသကြီး ဒလ၊ ဒေါပုံ၊ ဗဟန်း မြို့နယ်တွေအပြင် စစ်ကိုင်း၊ မုံရွာ၊ မန္တလေး၊ မကွေးမြို့တို့မှာလည်း တောင်းဆို ဆန္ဒပြကြမယ်လို့ သိရပါတယ်။