မြန်မာ့အရေး ပါဝင်ဆောင်ရွက်ပေးဖို့ ဩစတြေးလျရောက်မြန်မာတွေ ဆန္ဒပြတောင်းဆို

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ဩစတြေးလျ-အာဆီယံ ထိပ်သီးအစည်းအဝေးကျင်းပနေချိန် ဩစတြေးလျရောက် မြန်မာတွေ စုဝေးဆန္ဒပြခဲ့တယ်လို့ Australian Associated Press သတင်းဌာနက မတ်လ ၄ ရက်နေ့မှာ ဖော်ပြပါတယ်။

မြန်မာ့အရေးမှာ အာဆီယံနဲ့ ဩစတြေးလျနိုင်ငံတို့က ပါဝင်ဆောင်ရွက်ပေးကြဖို့ ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့က ဩစတြေးလျရောက် မြန်မာတွေ စုဝေးဆန္ဒပြကြစဉ်။ Facebook/ Myo Aye

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ဩစတြေးလျ-အာဆီယံ ထိပ်သီးအစည်းအဝေးကျင်းပနေချိန် ဩစတြေးလျရောက် မြန်မာတွေ စုဝေးဆန္ဒပြခဲ့တယ်လို့ Australian Associated Press သတင်းဌာနက မတ်လ ၄ ရက်နေ့မှာ ဖော်ပြပါတယ်။

ဆန္ဒပြသူတွေဟာ မြန်မာ့အရေးမှာ အာဆီယံနဲ့ ဩစတြေးလျနိုင်ငံတို့က ပါဝင်ဆောင်ရွက်ပေးကြဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

ဩစတြေးလျ - အာဆီယံ ဆက်ဆံရေး နှစ် (၅၀) ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကို မတ်လ ၄ ရက်နေ့ကစတင်ပြီး နှစ်ရက်ကြာ ကျင်းပသွားဖို့ ရှိနေတာပါ။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရတစ်ရပ်ကို ထောက်ခံကြောင်း ထိပ်သီးအစည်းအဝေးတက်ရောက်လာကြတဲ့ အာဆီယံခေါင်းဆောင်တွေကို ပြသတဲ့အနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကဦးဆောင်ပြီး ဆွေးနွေးပွဲတစ်ခုကိုလည်း မဲလ်ဘုန်းမြို့မှာ ဒီနေ့ကျင်းပသွားဖို့ ရှိနေပါတယ်။

ဩစတြေးလျအစိုးရဟာ စစ်ကောင်စီလက်အောက်ခံ လုပ်ငန်းတွေကို ပံ့ပိုးတဲ့ အဓိကဘဏ်ကြီးနှစ်ခုနဲ့ စစ်ကောင်စီအတွက် လေယာဉ်လောင်စာဆီတင်သွင်းပေးတဲ့ ကုမ္ပဏီသုံးခုတို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကမှ စီးပွားရေးအရ ပိတ်ဆို့အရေးယူထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org