NVC ကတ်ကိစ္စ စစ်တွေမှာ ဆန္ဒပြ

ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေကို စိစစ်ပြီးမှ NVC ကတ်တွေ ထုတ်ပေးဖို့ စစ်တွေမြို့မှာရှိတဲ့ တက်ကြွ လှုပ်ရှားသူ ၆၀ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေကို စီစစ်ပြီးမှ NVC ကတ်တွေ ထုတ်ပေးဖို့ ၂၀၁၈ ခုနှစ်၊ မေလ ၁၃ ရက်နေ့က စစ်တွေမြို့မှာ ဆန္ဒပြ တောင်းဆိုစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေကို စိစစ်ပြီးမှ NVC ကတ်တွေ ထုတ်ပေးဖို့ စစ်တွေမြို့မှာရှိတဲ့ တက်ကြွ လှုပ်ရှားသူ ၆၀ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

တိတိကျကျ စိစစ်မှုတွေပြုလုပ်ပြီးမှ ထုတ်ပေးဖို့လိုအပ်တယ်လို့ ဆန္ဒပြပွဲဦးဆောင်တဲ့ ဒေါ်ကျော့စိန်က ပြောပါတယ်။

"အဲဒါကို သူတို့က တိတိကျကျ စုံစမ်းရမယ်၊ စစ်ဆေးရမယ်၊ စုံစမ်းစစ်ဆေးခြင်းမပြုပဲနဲ့ အဲဒီလိုသာ ပေးလိုက်မယ် ဆိုလို့ရှိရင် မကြာခင်မှာ ကျမတို့ မြန်မာနိုင်ငံရော ရခိုင်ပြည်နယ်ပါ ကုလားတွေရဲ့လက်အောက်ကို ကျရောက်နိုင် တဲ့အတွက် အဲဒါကို ကျမတို့က ကန့်ကွက်တာပါ"

မောင်တောဒေသမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနောက်ပိုင်း တစ်ဘက်နိုင်ငံကနေ တရားမဝင် ဝင်ရောက်နေတဲ့ မွတ်စလင်တွေရှိနေပြီး အစိုးရက သူတို့ကိုပါ NVC ကတ်ထုတ်ပေးမှာကို စိုးရိမ်မိတယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။

ဒီနေ့ဆန္ဒပြပွဲကို ရခိုင်အလင်းတံခါးအဖွဲ့ တက်ကြွလှုပ်ရှားသူတွေက ဦးဆောင်တာဖြစ်ပြီး အကြမ်းဖက်လူမျိုး အလိုမရှိ၊ မြန်မာနိုင်ငံရဲ့ဥပဒေကိုလေးစားပါ၊ အစိုးရက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပေးရေး စတဲ့အချက်တွေကို ကြွေးကြော်ခဲ့ကြတာလည်းဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org