အရန်တပ်ဖွဲ့ နည်းဥပဒေကို စစ်ကောင်စီထုတ်ပြန်

စစ်တပ်ကနေ အငြိမ်းစားယူထားသူတွေကို ပြန်ပြီးစစ်မှုထမ်းခိုင်းမယ့် အရန်တပ်ဖွဲ့ နည်းဥပဒေကို ထုတ်ပြန်လိုက်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းဌာနတွေမှာ မတ်လ ၁၁ ရက် ဒီနေ့မနက်မှာ ဖော်ပြပါတယ်။

၂ဝ၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့အခမ်းအနား စစ်ရေးပြ မြင်ကွင်းအား တွေ့ရစဥ်။ Reuters

စစ်တပ်ကနေ အငြိမ်းစားယူထားသူတွေကို ပြန်ပြီးစစ်မှုထမ်းခိုင်းမယ့် အရန်တပ်ဖွဲ့ နည်းဥပဒေကို ထုတ်ပြန်လိုက်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းဌာနတွေမှာ မတ်လ ၁၁ ရက် ဒီနေ့မနက်မှာ ဖော်ပြပါတယ်။

အရန်တပ်ဖွဲ့ ဥပဒေကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အသက်သွင်းပြီးနောက် တစ်လအကြာမှာ နည်းဥပဒေကိုပါ ထုတ်ပြန်လာတာပါ။

ဥပဒေနဲ့ နည်းဥပဒေ ထွက်လာပြီဖြစ်တဲ့အတွက် အရန်တပ်ဖွဲ့ဥပဒေကို အကောင်အထည်ဖော်လာနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။

“နည်းဥပဒေဆိုတာ အဲဒီနည်းဥပဒေမှာပါတဲ့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်မှာပေါ့။ ဥပဒေကတော့ ပြဋ္ဌာန်းချက်ပေါ့။ ဒီဟာကတော့ ဘယ်လိုဆောင်ရွက်ရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာတွေ ပါတာလေ”

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရ အရန်တပ်ဖွဲ့ နည်းဥပဒေမှာ အခန်း ခုနစ်ခန်း၊ အပိုဒ် ၂၇ ပိုဒ်၊ နောက်ဆက်တွဲပုံစံ ရှစ်ခုတို့ပါဝင်မယ်လို့ ရေးသားထားပါတယ်။

ဒါပေမဲ့ နည်းဥပဒေ အသေးစိတ်ကိုဖော်ပြထားတာ မရှိပါဘူး။

အရန်တပ်ဖွဲ့ ဥပဒေအရ စစ်မှုထမ်းတစ်ဦးဟာ နုတ်ထွက်ခွင့် ဒါမှမဟုတ် အငြိမ်းစားယူခွင့်ရတဲ့နေ့ကနေ ငါးနှစ်အထိ အရန်တပ်ဖွဲ့မှာ စစ်မှုထမ်းဆောင်ဖို့ တာဝန်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဥပဒေအရ စစ်မှုထမ်းဆောင်ဖို့ ဆင့်ခေါ်ခံရရင် သတင်းပို့ရမှာဖြစ်ပြီး သတင်းမပို့ဘဲ ပျက်ကွက်မယ်ဆိုရင် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ခံရမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org