နိုင်ငံရဲ့ကောင်းကျိုးအတွက် သတင်း လွတ်လပ်ခွင့် လိုအပ်

"ကျမတို့က ဒီမိုကရေစီ စံနှုန်းထားတွေကို ယုံကြည်တဲ့ အလျောက် သတင်း လွတ်လပ်ခွင့် ဆိုတာ နိုင်ငံ တနိုင်ငံရဲ့ ကောင်းကျိုးအတွက် လွန်စွာမှ လိုအပ်တယ်လို့ ယူဆပါတယ်။

လမ်းဘေးဂျာနယ် အရောင်းသမားနှင့် သတင်းဂျာနယ် ဖတ်သူများ။ RFA

သတင်းသမားတွေဟာ မိမိတို့ လွတ်လပ်မှု အတွက် တစိုက်မတ်မတ် ကြိုးစားဖို့ လိုသလို နိုင်ငံရေး လူမှုရေး စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တွေကလည်း ဒီလွတ်လပ်ခွင့်တွေကို တိုးပွါးလာအောင်လို့ တတ်နိုင်တဲ့ ဖက်ကနေ လုပ်ဆောင်ပေးဖို့ လိုပါတယ်" လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

" နိုင်ငံအစိုးရကလည်း တကယ်ဘဲ တိုင်းပြည် တိုးတက်ရေးကို လိုလားရင် သတင်းလွတ်လပ်ခွင့် အာမခံပေးဖို့ လိုပါတယ်။"

အာရ်အက်ဖ်အေက အပတ်စဉ် ထုတ်လွှင့်နေတဲ့ "လူထုနဲ့ဒေါ်အောင်ဆန်းစုကြည်" အမေးအဖြေ အစီအစဉ်မှာ တောင်ကိုရီးယား နိုင်ငံက မြန်မာနိုင်ငံသား သောတရှင် တဦးရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ဖြေကြားခဲ့တာပါ။

ပြင်သစ်နိုင်ငံ အခြေစိုက် နိုင်ငံတကာ နယ်စီးမခြား သတင်းထောက်များ အဖွဲ့ RSF ရဲ့ နှစ်စဉ် ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့် အနဲဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။

လူထု နဲ့ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို သောကြာနေ့ညပိုင်း အာရ်အက်ဖ်အေ အစီအစဉ်မှာ ထုတ်လွှင့်ပေးနေ ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org