သမ္မတ ဦးသိန်းစိန် ဟားခါးမြို့က ချင်းအမျိုးသားနေ့ တက်ရောက်

ဒီနေ့ကျရောက်တဲ့ ၆၇ နှစ်မြောက် ချင်း အမျိုးသားနေ့ကို ချင်းပြည်နယ် ဟားခါးမြို့ ဝမ္မသူးမောင်အားကစားကွင်းမှာ ကျင်းပခဲ့ ပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့ပါတယ်။

၆၇ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က မြစ်ကြီးနားမြို့မှာ ကျင်းပစဉ် Photo:Kyaw Myo Min/ RFA

ဒီနေ့ကျရောက်တဲ့ ၆၇ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ် ဟားခါးမြို့ ဝမ္မသူးမောင်အားကစားကွင်း မှာ ကျင်းပခဲ့ပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့ပါတယ်။

ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် မဟာဓာတ် အားလိုင်းနဲ့ဟားခါးဆေးရုံရဲ့ နှစ်ထပ်ခွဲစိတ်ဆောင်ကို ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ချင်းပြည်နယ်သစ်တောရေးရာ ဝန်ကြီး ဦးကျော်ငြိမ်းက ပြောပါတယ်။

"ဒီနေ့ကတော့ ချင်းအမျိုးသားနေ့ပဲ၊ ၆၇ နှစ်မြောက် အထိမ်းအမှတ်နေ့ တစ်နေ့ပေါ့ ၊ နောက်တစ်ခါ မဟာဓါတ်အားလိုင်း အထိမ်း အမှတ်လည်းပဲရှိတယ်၊ အဲ့ဒါရတာ အထိမ်းအမှတ် ရယ်၊ နောက် ဆေးရုံမှာလည်း ခွဲစိတ်ဆောင်တွေ ဖွင့်ဖို့ရှိတယ်၊ "

မဟာဓာတ်အားလိုင်းကြောင့် ပြီးခဲ့တဲ့ ၂ဝ၁၄ ဇူလိုင်လကတည်းက ဟားခါးမြို့မှာ ၂၄ နာရီ လျပ်စစ်မီးရရှိနေပြီ လို့ ပြောပါတယ်။

အလားတူ ချင်းအမျိုးသားနေ့ အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က ချင်းနှစ်ခြင်း အသင်းတော်ခန်းမမှာလည်း ကျင်းပခဲ့ပါတယ်။

၆၇ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားတွေကို ချင်းပြည်နယ်မှာအပြင် ရန်ကုန်၊ နေပြည်တော်စတဲ့ မြို့ကြီးတွေမှာလည်း ကျင်းပနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org