သမ္မတကို ပါးစပ်ပိတ် ဆန္ဒပြခဲ့တဲ့ သတင်းထောက် ၅ဝ ကျော်အမှှု ရုပ်သိမ်း

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က သမ္မတ ဦးသိန်းစိန်နဲ့ အနုပညာရှင်များ တွေ့ဆုံပွဲ မှာ မြန်မာငြိမ်းချမ်းရေး စင်တာအနီးမှာ မတ်တပ်ရပ် အသံတိတ်ဆန္ဒထုတ်ဖေါ်သူ သတင်းထောက် ၅ဝ ကျော်ကို ပုဒ်မ ၁၈နဲ့ အရေးယူဖို့ပြင်ဆင်နေတာကို ရုပ်သိမ်းလိုက်ပြီ လို့ ကမာရွတ်မြို့နယ်ရဲစခန်းက ပြောဆိုကြောင်း သိရ ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အနုပညာရှင်တွေ ဇူလိုင်လ ၁၂ ရက်နေ့က မြန်မာငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံနေတဲ့ အချိန် သတင်းမီဒီယာသမားတွေက မီဒီယာဖိနှိပ်မှုရပ် ဆိုတဲ့ စာတမ်းပါ တီရှပ်ဆင်တူဝတ်ဆင်ပြီး ဆန္ဒပြစဉ် Photo: Kyaw Zaw Win , Kyaw Lwin Oo /RFA

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က သမ္မတဦးသိန်းစိန်နဲ့ အနုပညာရှင်များ တွေ့ဆုံပွဲမှာ  မြန်မာငြိမ်းချမ်းရေး စင်တာအနီးမှာ မတ်တပ်ရပ် အသံတိတ်ဆန္ဒ ထုတ်ဖေါ်သူ သတင်းထောက်၅ဝကျော်ကို ပုဒ်မ ၁၈ နဲ့ အရေးယူဖို့ပြင်ဆင်နေတာကို ရုပ်သိမ်းလိုက်ပြီလို့ ကမာရွတ်မြို့နယ် ရဲစခန်းကပြောဆိုကြောင်း သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူထားသူများစာရင်းမှာ ပါသူတွေကို တရားဝင် အကြောင်းကြားခြင်းမရှိဘူး လို့ စာရင်းမှာ ပါဝင်သူ သမဂ္ဂဂျာနယ်က သတင်းထောက်ချုပ် မရွှေမှုန်က ပြောပါတယ်။

"အစကတည်းက တရားဝင်မပြောဆိုဘူးပေါ့နော်၊ တခြားသတင်းဌာနတွေကမေးရင်လည်း မရုပ် သိမ်း ပါဘူး၊ ကျနော်တို့က ဒီအတိုင်းပဲရှိပါသေး တယ်၊ စိစစ်နေတုန်းပဲ ရှိပါသေးတယ်လို့ သူတို့ဖြေတာ ကို တောက်လျှောက်တွေ့ရတယ်ရှင့်၊ ဒီတစ်ခေါက်ပေါ့နော် ပြန်ကြားရေးဝန်ကြီးကလည်း ဒီ MPC ကလူတွေကိုလည်း ထပ်တွေ့တယ်၊ အဲ့လိုတွေ့ပြီးတော့မှ အခုဒီ ထပ်ပြီးတော့မှ ပုဒ်မ ၁၈ ကိုရုပ် သိမ်းတယ် ဆိုတာကို ဒီနေ့မှ တရားဝင် ထပ်ကြားရတာရှင့်"

သမ္မတဦးသိန်းစိန်နဲ့ မီဒီယာများတွေ့ဆုံပြီးတဲ့အပြင် ပြန်ကြားရေးဝန်ကြီး အသစ် ဦးရဲထွဋ်နဲ့ မီဒီယာများ တွေ့ဆုံ ပြီးချိန်မှာ ခုလိုသတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ မူလက ပုဒ်မ ၁၈နဲ့ အရေးယူထားကြောင်းလည်း ရဲစခန်းကို လာမေးသူတွေကို ပြောဆိုသလို အခုအမှုကို ရုပ်သိမ်းလိုက်တဲ့ အကြောင်းလည်း စခန်းကို ဆက်သွယ်မေးမြန်းသူတွေကို ပြောတယ်လို့သိရပါတယ်။

ဇူလိုင်လ ၁၂ရက်နေ့က သတင်းယူရန်လာတဲ့ သတင်းထောက်တွေထဲက တချို့ဟာ မီဒီယာဖိနှိပ်မှှုရပ် ဆိုတဲ့ စာတန်းပါတီရှပ်များ ဝတ်ဆင်လာတာကြောင့် ကမာရွတ်ရဲစခန်း စခန်းမှူးက တားစီးပြီး မြန်မာငြိမ်းချမ်းရေး စင်တာအတွင်းကို သတင်းယူခွင့်မပေးတာကြောင့် သတင်းထောက်တွေက အသံတိတ် ရပ်ပြီး ဆန္ဒပြခဲ့တာဖြစ် ပါတယ်။

ဒီအတောအတွင်းမှာဘဲ မနေ့က မွန်းတည့်နေဂျာနယ်က နိုင်ငံတော်အကြည်အညိုပျက်မှုနဲ့ တရားစွဲဆိုထားတဲ့ သတင်းထောက်များနဲ့ထုတ်ဝေသူ စုစုပေါင်း ၅ ဦးကို ပန်းပဲတန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးရာမှာ တရားလိုပြသက်သေ ၂ ဦးကို စစ်ဆေးခဲ့တယ်လို့ သိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org