ကျူးကျော်တွေကို နေရာ ချထားပေးမယ်လို့ သမ္မတ ပြောကြား

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်သူတွေ ကို ပြောကြားတဲ့ ဒီနေ့ ရေဒီယိုမိန့်ခွန်း မှာ မြေယာကျူးကျော် ဝင်ရောက်နေထိုင်တဲ့ မြေယာမဲ့ အိမ်ထောင်စုတွေကို စာရင်းပြုစုပြီး သက်ဆိုင်ရာ မြို့နယ် ဖွံ့ဖြိုးရေး စီမံကိန်းတွေနဲ့အညီ နေရာချထားပေးဖို့ စီစဉ်နေ တယ်လို့ ပြောကြားခဲ့ပါတယ်။ ဥပဒေမဲ့ တရားမဝင် ကျူးကျော်ဝင်ရောက် အခြေချနေတာတွေကိုတော့ အသေအချာ စိစစ်ကိုင်တွယ်သွားမယ်လို့လည်း မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားသွားပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့က တွံ့တေးအာဏာပိုင်များရဲ့ ဝင်ရောက်ဖျက်ဆီးခြင်းခံခဲ့ရတဲ့ ကျုးကျော်အိမ်တစ်လုံး ကို တွေ့ရစဉ် photo: RFA/ Kyaw Zaw Win

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်သူတွေ ကို ပြောကြားတဲ့ ဒီနေ့ ရေဒီယိုမိန့်ခွန်းမှာ မြေယာ ကျူးကျော် ဝင်ရောက်နေထိုင်တဲ့ မြေယာမဲ့ အိမ်ထောင်စုတွေကို စာရင်းပြုစုပြီး သက်ဆိုင်ရာ မြို့နယ်ဖွံ့ဖြိုးရေး စီမံကိန်းတွေနဲ့အညီ နေရာ ချထားပေးဖို့ စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဥပဒေမဲ့ တရားမဝင် ကျူးကျော်ဝင်ရောက် အခြေချနေတာတွေကိုတော့ အသေအချာ စိစစ်ကိုင်တွယ်သွားမယ်လို့လည်း မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားသွားပါတယ်။

“မြေယာကိစ္စနဲ့ ကျူးကျော်ဝင်ရောက် အခြေချမှု ပြဿနာများနဲ့ ပတ်သက်ပြီး ဆန္ဒဖော်ထုတ်မှုတွေ၊ အငြင်းပွားမှုတွေ ရှိနေတာကို သိရပါတယ်၊ မြေယာ ကိစ္စ ပြုပြင်ပြောင်းလဲရေးကို ကျော်ဖြတ် ရတဲ့နိုင်ငံတိုင်း ကြုံတွေ့ရတဲ့ စိန်ခေါ်မှု တစ်ခုဖြစ်ပြီး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်တွေနဲ့ ဆက်နွယ်နေတဲ့ အခက်အခဲဆုံးနဲ့ အကျပ်တည်းဆုံး စီမံဆောင်ရွက်ရတဲ့ ကိစ္စတရပ်ဖြတ်ပါတယ်၊ နိုင်ငံတော်အစိုးရအနေ နဲ့ မြေယာမဲ့အိမ်ထောင်စုများကို စာရင်းပြုစုပြီး သက်ဆိုင်ရာမြို့နယ် ဖွံ့ဖြိုးမှုစီမံကိန်းများနဲ့ အတူ နေရာချထားမှု၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများနဲ့ ပူးပေါင်းစီမံဆောင်ရွက်လျှက် ရှိနေပါတယ်၊ သို့ပေမယ့် တရားမဝင် ကျူးကျော်ဝင်ရောက် အခြေချမှုများကို အသေအချာ စိစစ်ကိုင်တွယ်သွားမှာ ဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်”

ဒါ့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးမှာ အဓိကကျတဲ့ လွှတ်တော်၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအစုအဖွဲ့တွေဟာ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု ပေါ်ပေါက်ဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေ ဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဆင်းရဲချမ်းသာမရွေး နိုင်ငံသားတိုင်း လက်လှမ်းမီနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ဖြစ်ပေါ်လာအောင်လည်း ပညာရှင်တွေနဲ့ ဆွေးနွေးဆောင်ရွက်နေတယ်လို့လည်း နိုင်ငံတော်သမ္မတက ပြောခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org