အနိုင်ရ NLD ပါတီကို အာဏာ လွှဲပြောင်းရေးဆောင်ရွက် ဖို့ ကော်မတီသစ် ဖွဲ့စည်း

၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ နိုင်ငံတော် အကြီး အကဲတာဝန်တွေကို စနစ်တကျလွဲှပြောင်းပေးနိုင်ဖို့ အတွက် နိုင်ငံတော်အကြီးအကဲ တာဝန်လွဲှပြောင်းမှု အထောက်အကူပြုကော်မတီကို ဖွဲ့စည်းထားရှိ ပြီးဖြစ်ကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့စွဲ နဲ့ နေပြည်တော် သမ္မတရုံးက ထုတ်ပြန်ကြေညာ ထားပါတယ်၊

ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ် ကိုတွေ့ရစဉ်

၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ နိုင်ငံတော်အကြီးအကဲတာဝန်တွေကို  စနစ်တကျလွဲှပြောင်းပေးနိုင်ဖို့ အတွက် နိုင်ငံတော်အကြီးအကဲ တာဝန်လွဲှပြောင်းမှု အထောက်အကူပြုကော်မတီကို ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့စွဲနဲ့ နေပြည်တော် သမ္မတရုံးက ထုတ်ပြန်ကြေညာထားပါတယ်၊

အခုဖွဲ့စည်းလိုက်တဲ့ တာဝန်လွှဲပြောင်း အထောက်အကူပြုကော်မတီနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့အတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အသွင်ကူးပြောင်းရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး လာမယ့် သီတင်းပတ် အတွင်း နှစ်ဘက်အဖွဲ့တွေ စတင်တွေ့ဆုံဆွေးနွေးကြမယ်လို့ အထောက်အကူပြုကော်မတီထဲမှာ ပါဝင်တဲ့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကိုပြောပါတယ်၊

"အဓိကလုပ်ငန်းကတော့ ပထမဆုံးတစ်ခုကတော့ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးခဲ့သလို ပဲ နိုင်ငံတော် အကြီးအကဲဖြစ်တဲ့ သမ္မတတာဝန် လွှဲပြောင်းမယ့် အစဉ်အလာကို နိုင်ငံအဆင့်နဲ့အညီ ကျင်းပနိုင်ဖို့အတွက် ကျနော်တို့ စီစဉ်ဆောင်ရွက်မှာပေါ့၊ နောက်တစ်ခုကတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က သိချင်တာတွေရှိရင် သက်ဆိုင်ရာ အမြဲတမ်းအတွင်းဝန်တွေက ရှင်းလင်းဖြေကြားပေးနိုင်အောင် ကျနော်တို့ စီစဉ်မှာပေါ့၊ အခုမှတော့ ကျနော်တို့ က နှစ်ဖက်စလုံးဖွဲ့တဲ့ဟာကို သဘောတူပြီးသွားတာပေါ့လေ၊ ပြီးသွားပြီဆိုတော့ ရှေ့အပတ်ထဲမှာတော့ ကျနော်တို့စပြီးတွေ့ဆုံဖို့ စီစဉ်နေပါတယ်"

အစိုးရက ဖွဲ့စည်းလိုက်တဲ့ တာဝန်လွဲပြောင်း အထောက်အကူပြု ကော်မတီထဲမှာ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ထားပြီး ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်း၊ နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ ပါဝင်ကြောင်း ဖော်ပြထားပါတယ်၊

NLD အမျိူးသားဒီမိုကရေစီအဖဲ့ွချုပ်ရဲ့ အသွင်ကူးပြောင်းရေးအဖွဲ့ထဲမှာတော့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးအောင်နှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာ အောင်သူတို့အား တာဝန်ပေးအပ်ထားကြောင်း သိရပါတယ်၊

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်က သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် တို့ဟာ နိုင်ငံတော်သမ္မတ အိမ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး နိုင်ငံတော် အကြီးအကဲတာဝန်များ စနစ်တကျ လွဲှပြောင်းပေးသည့် အစဉ်အလာကောင်းတစ်ခု ထူထောင်ရန်ကိစ္စကိုလည်း နှစ်ဦးနှစ်ဖက်ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့လည်း အဲဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

တဆက်တည်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်ကိုလည်း RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org