တရုတ်စစ်တပ် ထိပ်ပိုင်းခေါင်းဆောင် မြန်မာ သမ္မတနဲ့ တွေ့ဆုံ

မြန်မာနိုင်ငံကို ၂ ရက်ကြာ ရောက်ရှိခဲ့တဲ့ တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဖန်ချန်လောင်းဟာ သမ္မတ ဦးသိန်းစိန် ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ မြန်မာစစ်တပ် အကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ General Fan Changlong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ဇူလိုင်လ ၂၃ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမမှာ တွေ့ဆုံကြစဉ် photo: President Office Website

မြန်မာနိုင်ငံကို ၂ ရက်ကြာ ရောက်ရှိခဲ့တဲ့ တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဖန်ချန်လောင်းဟာ သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာ နယ်စပ်ဒေသ တည်ငြိမ်ဖွံ့ဖြိုးရေးကိစ္စရပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်နေတာတွေ နဲ့  မြန်မာ-တရုတ် နှစ်နိုင်ငံအစိုးရအဖွဲ့ချင်းသာမက တပ်မတော်နှစ်ရပ်အကြား ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေနဲ့ မြန်မာအစိုးရသစ်လက်ထက် အရှေ့အနောက်မခွဲခြားဘဲ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနေတာတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံဆွေးနွေးရာမှာတော့ မြန်မာနိုင်ငံဖွံ့ဖြိုးရေး အတွက် ငြိမ်းချမ်းရေးကို မြန်မာစစ်တပ်အနေနဲ့ ဦးစားပေးဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပြီး မစ္စတာ ချန်လောင်းကတော့ တရုတ်နိုင်ငံသားတွေနဲ့ တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံကို မြန်မာနဲ့ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးပြီး စီးပွားရေးဖွံ့ဖြိုးတဲ့၊ တည်ငြိမ်တဲ့နိုင်ငံအဖြစ်မြင်လိုကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယအကြီးအကဲ မစ္စတာချန်လောင်းဟာ မြန်မာခရီးစဉ်အပြီးမှာ ထိုင်းနိုင်ငံ၊ ကာဇက်စတန်နိုင်ငံတွေကို ခရီးဆက်မယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org