ဒုချီးရားတန်းဖြစ်စဉ် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်း
ရခိုင်ပြည်နယ် မောင်တောမြို့ ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်တွေအပေါ် စုံစမ်းစစ်ဆေးဖို့ အဖွဲ့ဝင် ၁၀ ဦးပါတဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင်ကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးလိုက်ကြောင်း ဒီနေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖော်ပြပါတယ်။
-
2014-02-07 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ် မောင်တောမြို့ ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်တွေအပေါ် စုံစမ်းစစ်ဆေး ဖို့ အဖွဲ့ဝင် ၁၀ ဦးပါတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးလိုက်ကြောင်း ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြပါတယ်။
အစိုးရက ဒုချီရားတန်းကျေးရွာ ဖြစ်စဉ်တွေ အပေါ် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရှင်းလင်း ပြီး ရက်သတ္တပတ်အကြာမှာ အဲ့ဒီကော်မရှင်ကို ဖွဲ့စည်းလိုက်တာပါ။
အဲ့ဒီကော်မရှင်ဟာ ဇန်နဝါရီလ ၁၃ ရက်နေ့က ဒုချီးရားတန်းကျေးရွာမှာ ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်း သေဆုံးခဲ့တဲ့ဖြစ်စဉ်၊ ဇန်နဝါရီလ ၂၈ရက်နေ့က ဒုချီးရားတန်း (အနောက်) ကျေးရွာ မီးလောင်ခဲ့တဲ့ဖြစ်စဉ်နဲ့ အဲဒီဖြစ်စဉ်နဲ့ဆက်စပ်တဲ့ သတင်းထုတ်လွှင့်မှုတွေအပေါ် စုံစမ်းစစ်ဆေးပြီး သုံးသပ်ချက်တွေနဲ့အတူ နိုင်ငံတော်သမ္မတဆီကို ဖေဖော်ဝါရီလ ၂၈ရက်နေ့ နောက်ဆုံးထားပြီး အစီရင်ခံစာတင်ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာသာလှရွှေကို စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ဥက္ကဌ၊ ဒေါက်တာကျော်ရင်လှိုင်ကို အတွင်းရေးမှူးအဖြစ် တာဝန်ပေးထားပြီး နိုင်ငံတကာ ဥပဒေပညာရှင် ဒေါက်တာ ငွန်ကျုံးလျန်၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့က ကိုယ်စားလှယ်တွေ၊ စစ်တွေမြို့ ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ ဦးသာပွင့်နဲ့ မောင်တောမြို့က ရပ်မိရပ်ဖ ဦးလှသိန်းတို့က အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။
ဒုချီးရားတန်းဖြစ်စဉ် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဒေါက်တာ သာလှရွှေကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။