ပင်လုံညီလာခံအတွက် ပြင်ဆင်

၂၁ ရာစုပင်လုံညီလာခံ ပြင်ဆင်ရေးကော် မတီက အပစ်အခတ်ရပ်စဲရေး NCA မှာ လက်မှတ်မထိုး ရသေးတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေနဲ့ လာမယ့် ဇွန်လပိုင်းအတွင်း သွားရောက်တွေ့ဆုံ ဆွေးနွေးမယ် လို့ ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို မေလ ၂၇ ရက်နေ့က နေပြည်တော် Horizon Lakeview ဟိုတယ်မှာ ကျင်းပနေစဉ် Photo: Win Ko Ko Latt/RFA

၂၁ ရာစုပင်လုံညီလာခံ ပြင်ဆင်ရေးကော်မတီက အပစ်အခတ်ရပ်စဲရေး NCA မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လာမယ့် ဇွန်လပိုင်းအတွင်း သွားရောက်တွေ့ဆုံ ဆွေးနွေးမယ် လို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီအတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောပါတယ်။

ဒီကနေ့ နေပြည်တော် Horizon Lake View ဟိုတယ်မှာ ကျင်းပတဲ့ UPDJC ရဲ့ ဒုတိယမြောက်နေ့ အစည်းအဝေး ခေတ္တရပ်နားချိန်မှာ ဦးလှမောင်ရွှေက သတင်းထောက်တွေကို ပြောလိုက်တာဖြစ်ပါတယ်။

"အခုလက်မှတ်မရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ပါဝင်နိုင်ဖို့နောက်တစ် လ၊ နှစ်လထိခဏရွှေ့ထားပြီးတော့၊ အခု ၂၁ ရာစု ပင်လုံ ညီလာခံ ပြင်ဆင်ရေးကော်မတီဖက်ကနေ ပြီးတော့ လက်မှတ်မရေးထိုးထားတဲ့ တိုင်းရင်းသားတွေကို လိုက်တွေ့ဖို့ပြင်နေတယ်၊ အဲ့ဒါကတော့ဇွန်လ ထဲပြီးအောင်လုပ်ပါမယ်"

၂၁ ရာစုပင်လုံညီလာခံကို လာမယ့်ဇူလိုင်လပိုင်းမှာ ကျင်းပဖို့ရာထားပြီး အဲဒီအစည်းအဝေးပွဲမှာ NCA လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေလည်း ပါဝင်လာနိုင်ဖို့ ၂၁ ရာစု ပင်လုံ ညီလာခံ ပြင် ဆင်ရေးကော်မတီအနေနဲ့ ကြိုးပမ်းမှာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီလိုလိုက်လံတွေ့ဆုံရာမှာ ဇွန်လအတွင်း အပြီးသတ်လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

လက်ရှိမှာ ကချင်၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တွေဖက်မှာ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ AA၊ TNLA၊ SSPP/SSA ၊ KIA အဖွဲ့တွေနဲ့ အစိုးရ တပ်မတော်တို့ တိုက်ပွဲတွေဖြစ် ပွားနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org