ကိုရဲမင်းဦး လွတ်မြောက်ရေး ရွှေတိဂုံ ဘုရားမှာ ဆုတောင်းပွဲကျင်းပ

ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ နဲ့ တရား စွဲခံထားရတဲ့ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီဝင် ကိုရဲမင်းဦး အပါ အဝင် မတရားသဖြင့် ဖမ်းဆီးခံထားရသူတွေ အမြန်ဆုံး လွတ်မြောက်ရေးအတွက် ရည်ရွယ်ပြီး ရဟန်းသံဃာတွေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ရန်ကုန်မြို့၊ ရွှေ တိဂုံဘုရားမှာ ဒီကနေ့ညနေပိုင်းက ဆုတောင်းပွဲတစ်ရပ် ပြု လုပ်ခဲ့ပါတယ်။

ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ နဲ့ တရားစွဲခံထားရတဲ့ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီဝင် ကိုရဲမင်းဦး အပါအဝင် မတရားသဖြင့် ဖမ်းဆီးခံထားရသူတွေ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ရည်ရွယ်ပြီး ရဟန်းသံဃာတွေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားမှာ ဒီကနေ့ညနေပိုင်းက ဆုတောင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

ကိုရဲမင်းဦးရဲ့ မွေးနေ့နာမ် ဗုဒ္ဓဟူးထောင့်မှာ ဆုတောင်းပွဲပြုလုပ်ရတာနဲ့ ပတ်သက်ပြီး မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက RFA ကို အခုလို မိန့်ကြားပါတယ်။

“ကိုရဲမင်းဦးနဲ့တကွ မတရားဖမ်းဆီး ထိန်းသိမ်းခံရသူတွေ အားလုံးအတွက် ကျန်းမာပါစေ၊ ချမ်းသာပါစေဆိုပြီး ဘုန်းကြီးတို့က မြန်မာပြည်မှာ တရားဥပဒေ စိုးမိုးရေး၊ ဒီမိုကရေစီ ထွန်းကားရေးအတွက်ကို အားလုံးသော မတရားထိန်းသိမ်းခံရတဲ့သူတွေ လွတ်မြောက်ပါစေဆိုတဲ့ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ ဆိုပြီးတော့ ဆုတောင်းတယ်”

ဖမ်းဆီးခံထားရသူတွေ မလွတ်မြောက်မချင်း အခုလိုမျိုးဆုတောင်းပွဲတွေကို သီတင်းတစ်ပတ်ရဲ့ ဗုဒ္ဓဟူးနေ့တိုင်း ဆက်လက်ပြုလုပ်သွားမယ်လို့လည်း ဆရာတော် ဦးပါမောက္ခက မိန့်ကြားပါတယ်။

ဒီကနေ့ဆုတောင်းပွဲကို သံဃာအပါး ၃၀ ကျော်၊ မစုစုနွေး ဦးဆောင်တဲ့ တောင်သူလယ်သမားအဖွဲ့ဝင်တွေနဲ့ ရခိုင်အမျိုးသားကွန်ရက်အဖွဲ့ဝင်တွေ ပါဝင်ဆုတောင်းခဲ့ကြပါတယ်။

ဒီဆုတောင်းပွဲမှာပါဝင်တဲ့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org