PPST နာယကတာဝန်အဆိုပြုချက်ကို ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ပြန်ရုပ်သိမ်း

ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်မှုအဖွဲ့ (PPST) ရဲ့ ဦးဆောင်နာယကတာဝန်ကို ကနဦးလက်ခံခဲ့ပေမယ့် ပြန်ရုပ်သိမ်းလိုက်တယ်လို့ PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က RFA ကို ဒီကနေ့ ပြောပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပသည့် NCA-S EAO ထိပ်သီးခေါင်းဆောင်များ ညီလာခံ၌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအား ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့က တွေ့ရစဉ် Photo: NCA-S EAO

ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်မှုအဖွဲ့ (PPST) ရဲ့ ဦးဆောင်နာယကတာဝန်ကို ကနဦးလက်ခံခဲ့ ပေမယ့် ပြန်ရုပ်သိမ်းလိုက်တယ်လို့ PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က RFA ကို ဒီကနေ့ ပြောပါတယ်။

“ပြီးခဲ့တဲ့ ရက်က ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဦးဆောင်နာယကတာဝန်ကို ကရင် အမျိုးသားအစည်းအရုံးရဲ့ ကိုယ်စားပြုမှုမဟုတ်ဘဲနဲ့ သူ့ရဲ့သဘောဆန္ဒအရ လက်ခံမယ် လို့ အကြောင်းကြားပါတယ်။ ဒါပေမဲ့ ဩဂုတ်၃၁ ရက်နေ့ကတော့ ဒါ ကရင်အမျိုးသား အစည်းအရုံးရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီကနေပြီးတော့ အစည်းအဝေး ပြန်ထိုင် တဲ့အခါ သူ့အနေနဲ့ PPST ရဲ့ ဦးဆောင်နာယကတာဝန် မလုပ်သင့်ဘူးဆိုတာကို ဆုံးဖြတ် ချက်ချသွားတဲ့အပေါ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး အနေနဲ့ကလည်း ဗဟိုအလုပ်အမှု ဆောင်ရဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ယခင်ကသူ့သဘောထားနဲ့ ပေး ထားတဲ့အကြောင်းကြားစာကို ပြန်ရုပ်သိမ်းတာပါ”

ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကို ဗိုလ် ချုပ်ကြီး စောမူတူးစေးဖိုးက အကြောင်းပြန်ကြားစာပေးပို့ရာမှာတော့ ကရင်အမျိုးသား အစည်းအရုံးက ချမှတ်ထားတဲ့ ဖွဲ့စည်းပုံဥပဒေ၊ နည်းဥပဒေတွေကို တာဝန်ခံထိန်းသိမ်း ဖို့အတွက် ပုဂ္ဂိုလ်ရေးအမြင်ထက် အဖွဲ့အစည်းရဲ့ မူဝါဒတွေ လမ်းစဉ်တွေကို ဦးစားပေး ဆောင်ရွက် ဖို့ရှိနေတာကြောင့် ပြန်ရုပ်သိမ်းတာလို့ ဖော်ပြထားပါတယ်။

“ကျနော်တို့အဖွဲ့ရဲ့ ဦးဆောင်နာယက အဖြစ်ကတော့ လက်တလောမှာ ဘယ်သူမှ မရှိသေးပါဘူး၊ အရင်ကတော့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့ ဗိုလ်ချုပ်ကြီး ယွတ်စစ်ကို ကမ်းလှမ်းခဲ့တာပါ။ ဗိုလ်ချုပ်ကြီး ယွတ်စစ်ကတော့ သူ့အနေနဲ့ အဖွဲ့အစည်းရဲ့မူတွေအရ တာဝန်ယူဖို့ အဆင်မပြေဘူးလို့ အကြောင်းပြန်ထားတာရှိပါတယ်” လို့ PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆက်ပြောပါတယ်။

PPST ဦးဆောင်အဖွဲ့မှာ နာယကအနေနဲ့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကို တာဝန်ယူပေးဖို့ ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့က PPST အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ကမ်းလှမ်းခဲ့တာပါ။

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးဟာ ၂၀၁၆ ကနေ ၂၀၁၉ ခုနှစ် အထိ PPST အဖွဲ့မှာ အဖွဲ့ ခေါင်းဆောင်အနေနဲ့ တာဝန်ယူခဲ့သူဖြစ်ပါတယ်။

PPST အဖွဲ့ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေး ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ပါဝင်ဖွဲ့စည်းထားတာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org