ပုပ်ရဟန်းမင်းရဲ့ ကာဒီနယ် ဘုန်းကြီးသစ်စာရင်းမှာ မြန်မာ ပါဝင်

ရိုမင်ကက်သလစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကာဒီနယ် ခေါ် ခရစ်ယာန် ဘုန်းတော်ကြီးသစ် ၂ဝ ရဲ့ အမည်စာရင်းကို တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံက ခရစ်ယာန်ဘုန်းတော်ကြီး တစ်ဦး ပထမဆုံးအကြိမ် ပါဝင်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ပုံ Photo: www.huffingtonpost.co.uk

ရိုမင်ကက်သလစ် ကာဒီနယ် ခေါ် ခရစ်ယာန်ဘုန်းတော်ကြီးသစ် ၂ဝ ရဲ့ အမည်စာရင်းကို တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့ရာ မှာ မြန်မာနိုင်ငံက ခရစ်ယာန်ဘုန်းတော်ကြီး တစ်ဦး ပထမဆုံးအကြိမ် ပါဝင်ခဲ့ပါတယ်။

အဲ့ဒီစာရင်းမှာ မြန်မာနိုင်ငံက ကက်သလစ်ခရစ်ယာန် ဂိုဏ်းချုပ် ချားလ်စ် ဦးဘို ပါဝင်ခဲ့တာပါ။

ကာဒီနယ် ခရစ်ယာန် ဘုန်းတော်ကြီးတွေ ဟာ ပုပ်ရဟန်းမင်းကို တင်မြှောက်ခွင့်ရှိသူတွေ ဖြစ်ကြ ပါတယ်။ အစဉ်အလာအနေနဲ့ ကာဒီနယ် ဘုန်းတော် ကြီးတွေဟာ ဥရောပ တိုက်သားတွေ အများစုဖြစ် ခဲ့ကြပါတယ်။ ဒါပေမဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ အခုတစ်ကြိမ်ထုတ်ပြန်တဲ့ စာရင်းမှာတော့ ကာဒီနယ် ဘုန်းကြီးသစ် ၂ဝ ထဲက ၁၅ ဦးဟာ မြန်မာ၊ အီသီယိုးပီးယား၊ တွန်ဂါ စတဲ့ အာရှ၊ အာဖရိက၊ လက်တင်အမေရိကနဲ့ ပစိဖိတ်ဒေသက ဘုန်းကြီးတွေ ပါဝင်ခဲ့ကြပါတယ်။

အာရှနဲ့ ပစိဖိတ်ဒေသက မြန်မာနဲ့အတူ ဗီယက်နမ်နဲ့ ပနားမားနိုင်ငံက ခရစ်ယာန်ဂိုဏ်းချုပ်တွေလည်း ရွေး ချယ်ခံခဲ့ရပါတယ်။

ကာဒီနယ် ဘုန်းတော်ကြီးတွေအသက် ၈ဝ ပြည့်ရင်၊ ပုပ်ရဟန်းမင်းကို မဲပေးရွေးချယ်တဲ့ တာဝန်က အနားယူရပြီး၊ နောက်ထပ် ကာဒီနယ်အသစ်တွေကို ထပ်မံရွေးချယ် ရတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org