ပဲခူးလူငယ်နှစ်ဦး၏ ဈာပနကို နိုင်ငံရေးအဖွဲ့များ သွားရောက်

ပဲခူးမြို့မှာ သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးသူ လူငယ်နှစ်ဦးရဲ့ ဈာပနကို နိုင်ငံရေးအဖွဲ့အစည်းတွေ သွားရောက်ခဲ့ပေမဲ့ လွမ်းသူ့ပန်းခွေ ချခွင့်နဲ့ ကာယကံရှင် မိသားစုတွေနဲ့ တွေ့ဆုံခွင့်မရခဲ့ဘူးလို့ ပဲခူးမြို့ကို သွားရောက်သူု နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေက ပြောပါတယ်။

မြို့တွင်း လုံခြုံရေး အစောင့်တာဝန်ကျ စစ်သားတဦး ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ဥက္ကဋ္ဌ ဦးသိန်းဌေးက လုံခြုံရေးချထားတာ များပြားလွန်းတာကြောင့် မိသားစုနဲ့ တွေ့ခွင့်မရခဲ့သလို လွမ်းသူု့ပန်းခွေပါ ချခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။

“သွားတာကတော့ ဟိုမှာ လွမ်းသူ့ပန်းခွေ ကျွန်တော်တို့ ပါတီအနေနဲ့ လွမ်းသူ့ပန်းခွေ ချမယ်ပေါ့။ ဟိုမှာရှိတဲ့ ကျန်တဲ့ အင်အားစုတွေနဲ့ ပေါင်းပြီးတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်မယ်ဆိုပြီး သွားတာပေါ့လေ။ ဟိုရောက်တဲ့အခါကျတော့ ကျွန်တော်တို့က အဲလို လုပ်ခွင့်က မသာဘူးဗျ။ မသာဘူးဆိုတာက ဒီ ၁၁ နာရီ ခွဲတော့ ထုတ်လာတာပေါ့။ ထုတ်လာတဲ့အခါမှာ ကျွန်တော်တို့ ဒီ မိသားစုပါတဲ့ ကား နှစ်စီးလောက်ပါမယ်ဗျ။ အဲ ကျန်တာက ဆိုင်ကယ်တွေနဲ့က သူတို့ အရပ်ဝတ်တွေနဲ့ပေါ့ဗျာ၊ အဲ သူတို့ တာဝန်ရှိတဲ့ လူတွေ အဲဒီမှာ သူတို့နဲ့ ပတ်သက်တဲ့ စွမ်းအားရှင်လို့ ယူဆလို့ရတဲ့ အုပ်စုတွေပေါ့ဗျာ၊ အဲဒီအုပ်စုတွေက အရန်သင့်ထိုင်စောင့်နေကြတာဗျ။ သြင်္ဂိုဟ်ဖို့ အသုဘကား သွားတဲ့အခါမှာ အဲဒီ ကားတွေပေါ်မှာ အသီးသီး အသီးသီး အဲဒီ အင်အားစုတွေကပဲ နေရာယူကုန်ကြတာဗျ။”

အဲဒီ ဈာပန အခမ်းအနားကို UDP ပါတီအပြင် NDF ပါတီမှ ပဲခူးမြို့က တာဝန်ခံများလည်း လာရောက်တယ်လို့ သိရပါတယ်။ NLD ပါတီက လူငယ် ၃၀ ခန့်လည်း ပဲခူးမြို့ကို သွားရောက်ခဲ့ပါတယ်။ ပဲခူးမြို့ကို သွားရောက်သူ အဖွဲ့ဝင် မဖြူဖြူသင်းက ခုလိုပြောပါတယ်။

“ဒီမိသားစုတွေဆို ဘယ်လို ခံစားရမလဲ မသိဘူးပေါ့နော်၊ ကျွန်မတို့ ကြားလိုက်ရတဲ့အချိန်မှာ တော်တော် ခံစားလိုက်ရတယ်။ ကျွန်မတို့ ဒီအဖွဲ့ထဲက ကလေးတွေကော ဘာရော အကုန်လုံး စုပေါင်းပြီးတော့ ဒီမိသားစုနဲ့ အတူပေါ့နော်၊ ခံစားရတယ်ဆိုတဲ့အကြောင်းရယ်၊ ဒီမိသားစုရဲ့ လိုအပ်တာ အကူအညီ ရှိရင်လည်း အကူအညီ ပေးမယ်၊ ကျွန်မတို့ လိုအပ်တဲ့ လိုအပ်ချက်တွေပေါ့နော်၊ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ တော်တော်များများက ဒီ ပြည်သူလူထုတော်တော်များများက အခု လက်ရှိ အခြေအနေထိ အကြောက်တရားတွေနဲ့ ရှိနေကြတုန်းပဲလေ။ တကယ်လို့ တခြားကိစ္စတွေမှာ လိုအပ်ချက်တွေ ရှိလာနိုင်လို့ရှိရင် ကျွန်မတို့ ကူညီနိုင်ဖို့ရယ်၊ နောက် သူတို့နဲ့အတူတူ မျှဝေခံစားတယ်၊ သူတို့နဲ့အတူတူ ထပ်တူရှိမယ်ဆိုတဲ့အကြောင်း အဓိကထားပြီး ကျွန်မတို့ သွားကြတာပါ။”

ရန်ကုန်ကနေ ပဲခူးမြို့ကို သွားရောက်တဲ့ လမ်းတလျှောက် ဒီကနေ့ တမနက်လုံး စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှုတွေ လုပ်တယ်လို့ သိရပါတယ်၊ အနည်းဆုံး စစ်ဆေးရေးဂိတ် သုံးခုမှာ စစ်ဆေးတာပါ။ အထူးသဖြင့် လိုင်းကားနဲ့ သွားရောက်သူ ခရီးသည်တွေကို ကားပေါ်က အားလုံး ဆင်းခိုင်းပြီး တဦးချင်း စစ်ဆေးမှုတွေ လုပ်တယ်လို့ ခရီးသွားတွေက ပြောပါတယ်၊

ရန်ကုန်မြို့က သွားရောက်သူ လူ့အခွင့်အရေးရှေ့နေ ကိုဖိုးဖြူနဲ့ အဖွဲ့ကို အင်းတကော်ဂိတ်မှာ တနာရီကျော်ကြာအောင် ထိန်းသိမ်းပြီး စစ်ဆေးခံရတယ်လို့ သိရပါတယ်၊

ပဲခူးမြို့မှာ ဒီကနေ့ မနက် ၁၁နာရီကျော်က ပြုလုပ်တဲ့ ဈာပနအခမ်းအနားနဲ့ ပတ်သက်ပြီး RFA  မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org