ပုဒ်မ ၄ဝ၁ ခံဝန်စနစ် ပယ်ဖျက်ရေး စိစစ်ရေးကော်မတီ ဆွေးနွေး

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီး က နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီက ရန်ကုန်မြို့ က မြန်မာငြိမ်းချမ်းရေးစင်တာမှာ စတုတ္ထအကြိမ်မြောက် အစည်းအဝေးတစ်ရပ်ကို ဒီကနေ့ကျင်းပခဲ့ပါတယ်။

ရန်ကုန်မြို့၊ မြန်မာငြိမ်းချမ်းရေးစင်တာမှာ မေလ ၁၁ ရက်နေ့ ကကျင်းပတဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေးကော် မတီ အစည်းအဝေးကို တက်ရောက်လာတဲ့ ကိုကိုကြီးနဲ့ ဦးညိုထွန်းတို့ကို တွေ့ရစဉ် photo: RFA/ Sai Htun Aung Lwin

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီက ရန်ကုန်မြို့က မြန်မာငြိမ်းချမ်းရေးစင်တာမှာ စတုတ္ထအကြိမ်မြောက် အစည်းအဝေးတစ်ရပ်ကို  ဒီကနေ့ကျင်းပခဲ့ပါတယ်။

အကျဉ်းထောင်တွေက ပြန်လည်ပေးပို့လာတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ဆွေးနွေးကြကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။

"အခုကတော့ စာရင်းတွေကို တိုက်ဆိုင်တာပေါ့၊ အရေအတွက်တွေပေါ့၊ ကျွန်တော်တို့ တင်ပြတဲ့စာရင်း၊ အကျဉ်းထောင်မှာရှိနေတယ်ဆိုတဲ့ စာရင်းပြန်ပေးတယ်၊ သူတို့ဘက်က ပြုစုထားတဲ့စာရင်းမှာ ဘယ်နှစ်ယောက်ပါတယ်ဆိုတာကို ပြန်တင်ပြမယ်၊ အခြားအဖွဲ့အစည်းတွေက တင်ပြလာတဲ့စာရင်းတွေမှာလည်း သူတို့တင်ပြတဲ့ စာရင်းတွေမှာပါသူတွေဟာ နိုင်ငံရေးအရ ဆက်စပ်ကျခံရသူတွေ ဖြစ်ပါတယ်ဆိုတာကို သူတို့ဆိုင်ရာအဖွဲ့အစည်းတွေက ရှင်းရမှာပေါ့နော်"


အစည်းအဝေးမှာ လက်ကျန်နိုင်ငံရေး အကျဉ်းသား ၁၅၅ ဦးရှိကြောင်း၊ သူတို့အားလုံး အမြန်ဆုံးလွတ်မြောက်ရေးအပြင်၊ နိုင်ငံရေးအကျဉ်းသားတွေကို ပုဒ်မ ၄၀၁ နဲ့ ခံဝန်လက်မှတ်ထိုး လွှတ်ပေးတဲ့ကိစ္စစတာတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီကနေ့ အစည်းအဝေးကို သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း နဲ့ အကျဉ်းဦးစီးဌာန တာဝန်ရှိပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ ၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှေုာက်ရေးအသင်း(AAPP) က အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီအကြောင်းအသေးစိတ်ကို ဒေါ်ခင်ခင်အိက တင်ပြမှာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org