ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ ဗြိတိန်ဝန်ကြီးဟောင်းသုံးဦး တိုက်တွန်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဟောင်းသုံးဦးက ဒီဇင်ဘာ ၁၉ ရက် ဒီနေ့မှာ တိုက်တွန်းလိုက်တယ်လို့ Independent သတင်းက ဖော်ပြပါတယ်။
William Hague, Sir Malcolm Rifkind နဲ့ Jack Straw တို့က တိုက်တွန်းတာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို အကွက်ဆင်ပြီး စွဲချက်တွေ တင်တယ်လို့ ပြောကြားပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီနည်းကျ တိုင်းပြည်ကို ဦးဆောင်ထိုက်သူဖြစ်တယ်လို့ ဆိုပါတယ်။
သူ့ကို ထောင်ဒဏ် ၂၇ နှစ်ချမှတ်ခဲ့ပြီး အကျဥ်းကျနေတာ လေးနှစ်နီးပါးရှိနေပြီလို့လည်း ပြောပါတယ်။
ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုကို ဆန့်ကျင်ကြောင်း မပြောကြားတဲ့အတွက် ၇၉ နှစ်ရွယ် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်အမျိုးမျိုး ရှိလာပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ် လန်ဒန်ကို ရောက်ရှိချိန်တုန်းက နိုင်ငံခြားရေးဝန်ကြီး အဖြစ်ကြိုဆိုခဲ့တဲ့ William Hague ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်နိုင်ပေမဲ့ သူ့လွတ်မြောက်ရေးအတွက် ကျွန်တော်တို့ လှုံ့ဆော်လှုပ်ရှားသင့်တယ်လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတက်အကျကို ရိုက်ကူးတဲ့ “Cancelled : The rise and fall of Aung San Suu Kyi” မှတ်တမ်းရိုက်ရှင်လည်း ဒီနေ့ စတင်ဖြန့်ချိပါတယ်။
အဲဒီမှတ်တမ်းရုပ်ရှင်ကို ဒါရိုက်တာ Geordie Greig က ရိုက်ကူးထားတာဖြစ်ပြီး ငြိမ်းချမ်းရေးနိုဘယ်ဆု အပါအဝင် ဆုတံဆိပ်တွေ တစ်ချိန်က ချီးမြှင့်ဂုဏ်ပြုခဲ့သူတွေကပဲ သူ့ကို ဘေးဖယ်ထား-မထား ရုပ်သံမှတ်တမ်းမှာ လေ့လာဖော်ထုတ်ထားပါတယ်။