ဒေါ်ခင်ဝင်း သေဆုံးရမှု ရဲစခန်းက ယာယီ ရပ်ဆိုင်းထား

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခမှာ သေဆုံးခဲ့တဲ့ မိုးကြိုးပြင်အလယ် ရွာက ဒေါ်ခင်ဝင်းရဲ့ မိသားစုဝင်တွေက ဆားလင်းကြီး မြို့မရဲစခန်းမှာ လူသတ်မှုနဲ့ သွားရောက်ဖွင့် ထားတဲ့အမှုကို ရဲစခန်းက ယာယီရပ်ဆိုင်းထားကြောင်း အကြောင်းပြန်ကြားတယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခမှာ သေဆုံးခဲ့တဲ့ မိုးကြိုးပြင်အလယ်ရွာက ဒေါ်ခင်ဝင်းရဲ့ မိသားစု ဝင်တွေက ဆားလင်းကြီး မြို့မရဲစခန်းမှာ လူသတ်မှုနဲ့ သွားရောက်ဖွင့်ထားတဲ့အမှုကို ရဲစခန်းက ယာယီရပ်ဆိုင်း ထားကြောင်း အကြောင်းပြန်ကြားတယ်လို့ သိရပါတယ်။

ဆားလင်းကြီးမြို့မ ရဲစခန်းက အမှုကိုယာယီရပ်ဆိုင်းထားကြောင်း မိသားစုဝင်တွေထံ အကြောင်းပြန်ခဲ့တာကြောင့် တိုင်းတရားလွှတ်တော်အထိ တိုင်ကြားဖို့ ပြင်ဆင်ထားတယ်လို့ ဒေါ်ခင်ဝင်းရဲ့ မောင်ဖြစ်သူ ဦးဝင်းကျော် က ပြောပါတယ်။

"မိသားစုတွေက အမှုသွားဖွင့်တာကို ပထမဖွင့်ပေးမယ်၊ အခုနောက်ပိုင်းမှာ အမှုကို ခတ္တရပ်ဆိုင်းထားတယ်ဆိုတဲ့ ဥပဒေကို အဲ့လိုလုပ်ထုံးလုပ်နည်းတွေရှိလားလို့ ကျနော်မေးချင်ပါတယ်၊ မြို့နယ်က လက်မခံဘူးဆို ပြည်နယ်တက် မယ်၊ ပြည်နယ်က လက်မခံဘူးဆိုရင် တိုင်းတက်မယ်၊ တတ်နိုင်တဲ့ဖက်ကနေပြီးတော့ နိုင်ငံတော်အဆင့်ရှိတဲ့ လူတွေကို တိုက်ရိုက်အမှုဖွင့်သွားမှာပဲလို့ ကျနောတို့ စီစဉ်ထားပါတယ်ခင်ဗျ"

ဒေါ်ခင်ဝင်းသေဆုံးမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့မိသားစုဝင်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က ဆားလင်းကြီး မြို့နယ်ရဲစခန်းမှာ သွားရောက်အမှုဖွင့်စဉ် ရဲစခန်းက သေမှုသေခင်းဖြစ်စဉ်ဆိုပြီး အမှုဖွင့်ပေးခဲ့ပါတယ်။

အဲဒီ့အပေါ် မိသားစုဝင်တွေက မကျေနပ်တဲ့အတွက် ဒီလ ၃ ရက်နေ့မှာ ဆားလင်းကြီးမြို့မ ရဲစခန်းကို သွားရောက်ပြီး လူသတ်မှုနဲ့ ထပ်မံအမှုဖွင့်ခဲ့ရာ လျှောက်လွှာကို လက်ခံခဲ့တယ်လို့ သိရပါတယ်။

ဒေါ်ခင်ဝင်းသေဆုံးမှုကို လူသတ်မှုအဖြစ် အမှုဖွင့်ပေးနိုင်ဖို့အတွက် ရှေ့နေများကွန်ရက်က ကူညီဆောင်ရွက်ပေးနေ တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org