ကိုစိုးမိုးထွန်း အသတ်ခံရမှုမှာ သံသယရှိသူ နှစ်ဦး ကို ပြန်လွှတ်ပေး

Eleven Media Group ရဲ့ မုံရွာမြို့ အခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ ဖမ်းဆီး စစ်ဆေးနေတဲ့ KTV ဆိုင်ဝန်ထမ်း ၂ ဦးကို ဒီနေ့ ပြန် လွှတ်ပေးလိုက်ပါတယ်။

Eleven Media Group ရဲ့ မုံရွာအခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း အမှု အမြန်ဆုံးပေါ်ပေါက်ဖို့ သတင်းမီဒီယာသမားတွေ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ညက ရန်ကုန်မြို့ ဆူးလေဘုရားအနီးမှာ ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့စဉ် Photo: Aung Thain Kha/RFA

Eleven Media Group ရဲ့ မုံရွာမြို့အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ ဖမ်းဆီးစစ်ဆေးနေတဲ့ KTV ဆိုင်ဝန်ထမ်း နှစ်ဦးကို ဒီကနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

စစ်ဆေးချက်တွေအရ လူသတ်မှုနဲ့ စွဲချက်တင်ဖို့ မလုံလောက်တာကြောင့် ခံဝန်နဲ့ ပြန်လွှတ်ပေးမှာ ဖြစ်တယ်လို့ မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဆွေမြင့် က ပြောပါတယ်။

"လောလောဆယ်ကတော့ ကျနော်တို့ စစ်ဆေးစုံစမ်းချက်အရ အားနည်းတယ်ပေါ့နော်၊ သူ့ရဲ့အထောက် အထားတွေအရ လူသတ်မှုနဲ့ တရားစွဲတင်ဖို့ အားနည်းတာ၊ သူတို့ကို ခံဝန်နဲ့ပြန်ပြီးတော့မှ လွှတ်မယ့် အနေအထားရှိပါတယ်ခင်ဗျ။ "

အဲဒီ KTV ဆိုင်ဝန်ထမ်း ၂ ဦးကို ချုပ်မိန့်ရမန်နဲ့ ဖမ်းဆီးစစ်ဆေးနေတာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ကိုစိုးမိုးထွန်းဟာ ဒီဇင်ဘာလ ၁၃ ရက် နံနက် ၁၂ နာရီခွဲဝန်းကျင်က မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် ၊ ပြည်ထောင်စုလမ်းမကြီးဘေးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ ၂ ချက်၊ မျက်နှာဖူးယောင် ဒဏ်ရာတွေနဲ့ မှောက် လျက် သေဆုံးနေတာဖြစ်ပြီး မုံရွာမြို့မ ရဲစခန်းမှာ ပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အမှုဖွင့်ထားပါတယ်။

သတင်းထောက် ကိုစိုးမိုးထွန်း သေဆုံးမှုကို အမှုမှန်ဖော်ထုတ်နိုင်ဖို့အတွက် တိုင်း၊ ခရိုင် နဲ့ မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီး သံသယရှိသူတွေကို စစ်ဆေးနေတာဖြစ်တယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org