ဘူးသီးတောင်မြို့ ဗုံးကွဲမှု မသင်္ကာသူ ၃ ဦးကို ရဲ စစ်ဆေး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ပြီးခဲ့တဲ့ သောကြာနေ့ညပိုင်းက ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တာနဲ့ ဆက်နွယ်ပြီး မြို့ခံ အမျိုးသား ၃ ဦးကို ဘူးသီးတောင်မြို့နယ်ရဲတပ်ဖွဲ့ က ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဘူးသီးတောင် မြို့အဝင်ကို တွေ့ရစဉ် Photo: Min Thein Aung

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ပြီးခဲ့တဲ့ သောကြာနေ့ညပိုင်းက ဗုံးနှစ်လုံး ပေါက် ကွဲခဲ့တာနဲ့ ဆက်နွယ်ပြီး မြို့ခံ အမျိုးသား ၃ ဦးကို ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေ တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့နေရာမှာ တွေ့ရှိခဲ့တဲ့ သက်သေခံ ပစ္စည်းတွေနဲ့ ပုံစံတူပစ္စည်းတချို့ကို စစ်ဆေးတွေ့ရှိ တာကြောင့် ကွန်ပျူတာဆိုင်ရှင်တစ်ဦးနဲ့ စက်ဘီးဆိုင်က လူနှစ်ဦးကို ခေါ်ယူစစ်ဆေးနေတာဖြစ်တယ်လို့ ဘူးသီးတောင် မြို့နယ် ရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦး ကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ညက ဘူးသီးတောင်မြို့ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနရုံးရှေ့အနီးက အေးမြင့်မိုရ် ဆောက်လုပ်ရေး ကုမ္ပဏီပိုင် ဘိလပ်မြေဖျော်စက်အောက်မှာ လက်လုပ်ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုအပြီးမှာ သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့ရာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသုံး ဆင်းကတ်ထည့်ထားတဲ့ နိုကီယာ ဟန်းဆက်တစ်လုံးအပြင် မီးလောင်ကျွမ်းနေတဲ့ ဝါယာကြိုးအပိုင်းအစတစ်ခု၊ သံနို့ဆီဗူးအပိုင်းအစတွေ၊ အက်ဆစ်ရည်တွေနဲ့ စက်ဘီးဘောစေ့တွေကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အခုအခါမှာ ဘူးသီးတောင်မြို့အတွင်း လုံခြုံရေးအင်အား တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org