ပင်လုံစာချုပ်ဟာ ညီညွတ်မှုနဲ့ ယုံကြည်ချက် သင်္ကေတဖြစ်ကြောင်း သူရဦးတင်ဦး ပြောကြား

ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်း သားခေါင်းဆောင်တွေ သဘောတူညီ ခဲ့ကြတဲ့ ပင်လုံစာချုပ်ဟာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှာ အဓိကကျတဲ့ ညီညွတ်မှုနဲ့ ယုံကြည်ချက်ရဲ့ သင်္ကေတဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်နာယက သူရဦးတင်ဦးက ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကကျင်းပတဲ့ ၆၉ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ သူရဦးတင်ဦး မိန့်ခွန်းပြောကြားစဉ် Photo: Htet Arkar/RFA

ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ သဘောတူညီခဲ့ကြတဲ့ ပင်လုံစာချုပ်ဟာ မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှာ အဓိကကျတဲ့ ညီညွတ်မှုနဲ့ ယုံကြည်ချက်ရဲ့ သင်္ကေတဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်နာယက သူရဦးတင်ဦးက ပြောကြားလိုက်ပါတယ်။

၆၉နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်မှတ်အခမ်းနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်မြို့နယ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်ရုံးမှာ ဒီကနေ့ ကျင်းပရာမှာ နာယက သူရဦးတင်ဦက ပြောတာဖြစ်ပါတယ်။

ဒါ့ပြင် လာမယ့် မတ်လ ၁၇ရက်နေ့ဟာ နိုင်ငံအတွက် အရေးကြီးကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ကိုဖြစ်ရမယ်လို့ သံဓိဌာန်ချ ယုံကြည်ထားကြောင်းလည်း ပြောကြားခဲ့ပါတယ်။

"နိုင်ငံတော်ကို ဦးဆောင်မယ့် အဖွဲ့အစည်းတွေနဲ့တကွ အစိုးရအဖွဲ့အစည်းအသီးသီးများကို ထုတ်ပြန်တော့ မှာ ဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသားအားလုံး ပါဝင်နိုင်အောင် ဆောင်ရွက်သွားမည်၊ အရေးကြီးသော နေရာ များတွေမှာလည်း တိုင်းပြည်နဲ့ ထိုက်တန်စွာ တိုးတက်အောင် ဆောင်ရွက်နိုင်မယ့် ပုဂ္ဂိုလ်တွေကို ပါဝင်အောင် ဆောင်ရွက်သွားမှာဖြစ်တာကြောင့် ရှေ့လာမည့် အလားအလာတော့ဖြင့် မျှော်လင့်ချက် အင်မတန်မှ အလင်းရောင်ဘက်ဆီသို့ ချီတက်လျှက်ရှိနေတာကို မြင်နေရတာဖြစ်ပါတယ်၊ အထူးသဖြင့် ကျနော့်ရဲ့စိတ်ထဲမှာ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ သံဓိဌာန်ချထားပါတယ်"

ဒါ့အပြင် နာယကသူရဦးတင်ဦးက ပင်လုံစာချုပ်ရဲ့ အနှစ်သာရဟာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးဖြစ်ကြောင်းနဲ့ စက္ကူပေါ်မှာရေးထားတဲ့ စာချုပ်မျှသာမဟုတ်ဘဲ ပြည်ထောင်စုကို လိုလားယုံကြည် တဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးက သွေးစည်းညီညွတ်မှုကို ယုံကြည်ကြောင်း နှလုံးသားပေါ်မှာ ရေးထိုးထားတဲ့ ကတိကဝတ်ဖြစ်ကြောင်း ပြောပါတယ်။

အန်အယ်လ်ဒီရုံးချုပ်က ပြည်ထောင်စုနေ့ အခမ်းအနားကို နိုင်ငံတကာသံတမန်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လည်း တက်ရောက်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org