မြန်မာ့ ဝက် မီဇိုရမ် လက်မခံ

မြန်မာနိုင်ငံ ဒေသ အတော်များများမှာ ဝက်နားရွက်ပြာ ရောဂါ ဖြစ်ပွားနေတဲ့ အတွက် မြန်မာနိုင်ငံဘက်က ဝက်တွေ မီဇိုရမ် ပြည်နယ်ထဲ တင်သွင်းတာကို ပိတ်လိုက်တယ်လို့ အိန္ဒိယတိ-မွေး-ကု ဌာနက ပြောပါတယ်။

မွေးမြူရေးခြံ တခုမှ ဝက်များ ဖြစ်ပါသည်။ (Photo: AFP) Photo: AFP

ဒီလိုတားမြစ်တာကို ပထမအဆင့် အနေနဲ့ အချိန် ၂ လ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဝက်နားရွက်ပြာရောဂါ ကူးစက်ခံရတဲ့ ဝက်တွေမှာ အသက်ရှူ လမ်းကြောင်း ရောဂါနဲ့ သားပျက်သားလျှော ဖြစ်ပြီး သေဆုံးတယ်လို့သိရပါတယ်။

အခုလို ဝက်တင်သွင်းမှု ပိတ်ပင်လိုက်ပေမဲ့ မီဇိုရမ် ပြည်နယ်မှာ ဝက်နားရွက်ပြာ ရောဂါ ကူးစက်မှု ရှိမရှိ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org